Sunday, February 23, 2020

ကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာမှ ကျောင်းသားတစ်ဦးဓါးဖြင့်အထိုးခံရပြီးသေဆုံး


ကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာမှ ကျောင်းသားတစ်ဦးဓါးဖြင့်အထိုးခံရပြီးသေဆုံး
ရေနံချောင်း ဖေဖော်ဝါရီလ ၁၆ ရက်
ကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာမှ ကျောင်းသားတစ်ဦးဓါးဖြင့်အထိုးခံရပြီးသေဆုံးကြောင်း ရေချောင်း မြို့နယ်ညောင်လှနယ်မြေရဲစခန်းမှသိရသည်။ဖြစ်စဥ်မှာဖေဖော်ဝါရီလ(၁၄)ရက်နေ့ည(၁၀)နာရီ အချိန်ခန့်ကရေနံချောင်းဒီဂရီကောလိပ်မှ ကျော်မျိုးလင်း (၁၈)နှစ် (ပ)နှစ်ဓာတုဗေဒသည်၎င်း၏သူငယ်ချင်းဖြစ်သူ သိန်းသန်းဦးနေထိုင် သော သစ်တပွေရပ်ကွက် ကုန်မြင့်သာရပ်ရှိ ပန်းသတင်းဘော်ဒါဆောင်သို့ သွားရောက်အိပ်စက်စဉ် ၎င်းဘော်ဒါဆောင်နေ အောင်မျိုးဦး (၁၈)နှစ် ကံသာကြီးကျေးရွာ ပွင့်ဖြူမြို့နယ်နေသူ၏ စောင်အားခြုံယူသဖြင့် ကျော်မျိုးလင်းနှင့်အောင်မျိုးဦးတို့စကားများခဲ့ကြပြီး (၂၀၂၀)ဖေဖော်ဝါရီ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် သစ်တပွေရပ်ကွက် တောင်ပေါ်သားဘော်ဒါဆောင်တွင် ကျူရှင်တက်ရောက်နေစဉ် ယမန်နေ့ကဖြစ်စဉ်အား မကြေနပ်၍ ကျော်မျိုးလင်း၏အကိုဝမ်းကွဲတော်စပ်သူ သန်းနိုင် (၂၁)နှစ် နေရပ်လိပ်စာစုံစမ်းဆဲက အောင်မျိူးဦးအား ပုလင်းဖြင့်ရိုက်ခဲ့ရာ ကျောင်းသားများကဝင်ရောက်ဖြန်ဖြေသဖြင့် ရန်ပွဲမှာပြီးဆုံးသွားခဲ့ပြီး အဆိုပါဖြစ်စဉ်အား အောင်မျိုးဦးက ရန်ညိုထား၍ ဖေဖော်ဝါရီလ (၁၆)ရက် (၉)နာရီအချိန်ခန့်က သစ်တပွေ ရပ်ကွက် တောင်ပေါ်သား ဘော်ဒါဆောင်တွင် ကျူရှင်တက်ရောက်နေသောကျော်မျိုးလင်းအား ပုလင်းဖြင့်စတင်ရိုက်နှက်ခဲ့ရာ ကျော်မျိုးလင်းမှ အသင့်ပါလာသောဓါးဖြင့် ထိုးခဲ့သဖြင့် အောင်မျိုးဦးတွင်ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက် ညာဘက်လက်မောင်းရင်းထိုး သွင်းဒဏ်ရာတစ်ချက် ညာဘက်ရင်ဘက် အထက်ပိုင်းထိုးသွင်းဒဏ်ရာတစ်ချက် စုစုပေါင်းဓါးဒဏ်ရာ(၃)ချက်ဖြင့် စိုးရိမ်ရတို့ရရှိပြီး ရေနံချောင်းပြည်သူ့ဆေးရုံသို့ (၉နာရီ၄၀)အချိန်ခန့်တွင် ရဲဆေးစာဖြင့်ပေးပို့ထားကြောင်းသိရသည်။
ယင်း​ဖြစ်စဥ်နှင့်ပါတ်သက်ပြီး
ဓါးဖြင့်ထိုး၍ ဒဏ်ရာရရှိအောင်ပြုလုပ်သူ
သူကျော်မျိုးလင်းအား အရေးယူပေးပါရန် ဒုရဲအုပ်နေမင်းထွန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဖေဖော်ဝါရီ(၁၆)ရက်(၁၀)နာရီ အချိန်ညောင်လှနယ်မြေရဲစခန်း(ပ) ၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၂၆ဖြင့် ကနဦးအမှုရေးဖွင့်ခဲ့ ကြောင်းသိရသည်။
​ကျောင်းသားအချင်းချင်းဖြစ်တာပါ တစ်ယောက်ကတော့ ဆေးရုံမှာဆုံးသွားတယ် ဟု ရေနံချောင်းအုပ်ချုပ်ရေးမှူးဦးမာန်ကိုဟော့က ပြောသည်။
အောင်မျိုးဦးမှာဆေးရုံမှာ သေဆုံးသွားသဖြင့်
လူသတ်မှု့ပုဒ်မပြောင်းလဲဖွင့်လှစ်သွားမည်​ဖြစ်ကြောင်းညောင်လှရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါသည်။

သတင်း ဇာမဏီ

0 comments:

Post a Comment