Sunday, February 23, 2020

လက်လုပ်သေနတ်ဟုယူဆရသော လက်နက်၁ခု မကွေးအနီး ဧရာဝတီမြစ်ကမ်းစပ်တွင်တွေ့ရှိ


မကွေး ဖေဖော်ဝါရီ ၂၀
ဖေဖော်ဝါရီလ ၂၀ရက်နေ့ နေ့လယ် ၁နာရီ၁၅ မိနစ်အချိန်ခန့်ကမကွေးမြို့ အနီး ဧရာဝတီမြစ်ကမ်းစပ်တွင် ငါးမျှားနေစဥ် လက်လုပ်သေနတ်ဟု ယူဆရသော လက်နက်၁ခုတွေ့ရ၍ သက်ဆိုင်ရာ မြို့မရဲစခန်းသို့ အပ်နှံထားကြောင်း သိရသည်။
မကွေးမြို့ မြို့ဟောင်းရပ်ကွက် ဖောင်တော်ဦး ဘုန်ကြီးကျောင်းအနီးဧရာဝတီမြစ်ကမ်းစပ် တွင် နံကပ်ကျွန်းကျေးရွာအုပ်စု ချမ်းမြေ့သာယာရပ် နေ ကိုကျော်မြင့်ထွန်းခေါ်ဘိုမြင့် အသက်(၂၈) နှစ်က ငါးမျှားနေစဥ် ကမ်းစပ်သောင်ပြင်မှာ တပိုင်းတစပေါ်နေတဲ့ သံချေးတက် ဟောင်းနွမ်း နေတဲ့ ၁ထောင့်ထိုး လက်လုပ်သေနတ ် ပြောင်းတ်ို(အသုံးပြုမရ) ကို မြင်တွေ့ရလို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အပ်ခဲ့ကြောင်းသိရသည်။
လက်လုပ်သေနတ်လို့ယူဆရတဲ့ ပစ္စည်း၁ခုကို တွေ့ရှိတဲ့အတွက် ကိုကျော်မြင့်ထွန်းက မကွေးမြို့မရဲစခန်းကို အပ်ပါတယ်၊ အခု မြို့မရဲစခန်းမှာ ခေတ္တသိမ်းဆည်းထားပါတယ်၊ ဆက်ပြီးတော့ မကွေး တပ်မ၈၈လက်အောက်ခံ ၉၁၀စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအေးမင်းအောင်ကို ဆက်သွယ်ပြီး အပ်နှံသွားဖို့ စီစဥ်ဆောင်ရွက်နေပါတယ်လို့ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်က ရဲအုပ်သန့်စင်ထွန်းက ပြောသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment