Sunday, February 23, 2020

ပဒါန်းကျေးရွာအနီးကြက်တိုက်လောင်းကစားဝိုင်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းအရ သွားရောက်ဖမ်းစီးရာမှ၊ လူ၈ဦးနဲ့အတူ တိုက်ကြက်၄ကောင်၊ ဆိုင်ကယ်၂၂စီးနဲ့ လောင်းကြေးငွေ၅သိန်းကျော် ဖမ်းမိ

ပဒါန်းကျေးရွာအနီးကြက်တိုက်လောင်းကစားဝိုင်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းအရ သွားရောက်ဖမ်းစီးရာမှ၊ လူ၈ဦးနဲ့အတူ
တိုက်ကြက်၄ကောင်၊ ဆိုင်ကယ်၂၂စီးနဲ့ လောင်းကြေးငွေ၅သိန်းကျော် ဖမ်းမိ
မကွေး ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ် ပဒါန်းကျေးရွာ အနီးလူဦးရေ(၅၀)ခန့်ပါဝင်တဲ့ကြက်တိုက်လောင်းကစားဝိုင်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ၁၅ရက်နေ့လည်၁နာရီ၃၀မီနစ်အချိန် ဝင်ရောက်ဖမ်းဆီးစဥ် ဖမ်းမိခဲ့ခြင်းဖြစ ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများမှာကြက်ဒိုင်ဖိုးဇော်(ခ)ဆန်းထိုက်လောင်းကစားစာရင်းကိုင်မင်းဦးကြက်ကုဇော်ဌေး၊ကြက်တိုက်လောင်းကစားနေသူများဖြစ်တဲ့ တင်ထွန်းအောင်၊ လှိုင်မျိုးထွန်း၊ ဝင်းမြိုင်၊ဇော်မင်းဦးနဲ့ ဆန်းမင်းနိုင်တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်လူများမှာထွက်ပြေးလွတ်မြောက်သွား​ကြောင်းတိုင်းရဲတပ်ဖွဲ့ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ်မျိုးလွင်ကပြောသည်။
ဖြစ်စဥ်မှာ ငဖဲမြို့နယ်ပဒါန်းကျေးရွာ အနီးကျောက်တန်းလေးကန် အရှေ့တောင် ဘက်ဝါးရုံတောအတွင်း ကြက်တိုက် လောင်ကစားလုပ်နေတဲ့ လူဦးရေ၅၀ခန့်ပါဝင်တဲ့ လောင်းကစားဝိုင်းကို တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးအောင်နိင်ဦးခေါင်းဆောင်သောရဲတပ်ဖွဲ့က ဝင်ဖမ်းတာဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူတွေဆီက လောင်းကြေးငွေ ၅သိန်းကျော်၊ တိုက်ကြက်ဖ၄ကောင် နဲ့ဆိုင်ကယ်၂၂စီးတိုကို သိမ်းဆည်းရမိခဲ့​တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့သူ ၈ဦးကို ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းမှာ (ပ)၁၁/၂၀၂၀၊လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း ဇာမဏီ
သတင်းဓါတ်ပုံ ပဒါန်းနယ်မြေရဲစခန်း

0 comments:

Post a Comment