Sunday, February 23, 2020

မင်းလှမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာ သည့်ဘင်္ဂါလီ(၁၄)ဦးဖမ်းမိ


မင်းလှ ဖေဖော်ဝါရီလ (၂၀)
ကွေးတိုင်းဒေသကြီး၊‌မင်းလှမြို့နယ် ရေနံမ နယ်မြေစခန်းအရှေ့မြောက်ဘက်၂၀မိုင်ခန့် ပုသိမ်မုံရွာကားလမ်းမိုင်တိုင်(၂၁၉/၃)ယုဇနလမ်းပေါက်အနီးမှာဖေဖော်ဝါရီလ ၁၉ရက်နေ့ မနက် ၄နာရီအချိန့်ခန့်က အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာ​ေသာဘင်္ဂါလီ(၁၄)ဦး ဖမ်းဆီး ရမိကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှသိရသည်။
အဆိုပါဖမ်းမိရာတွင် ကျား၁၂ဦး၊မ၂ဦးဖမ်းဆီးရမိကြောင်းသိရသည်။
ရေနံမနယ်မြေစခန်းမှူးရဲအုပ်အောင်မင်းဦးရဲ့ ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်လာနိင်ကြောင်း တင်ပြချက်အရ မင်းလှမြို့နယ်ရဲတပ်ဖွဲ့ ဒုမြို့နယ်ရဲမှူး ဒုရဲမှူးကြည်စိုးဦးဆောင်တဲ့ရဲတပ်ဖွဲ့ ကင်းလှည့်ရှာဖွေစဥ်ဖမ်းဆီးရမိကြောင်းသိရသည်။
ဖမ်းဆီးရမိသူများမှာ ဟာဘီဒူလာ(၁၈)နှစ်၊ ဖိုင်ဒူလာ(၁၇)နှစ် ကျောက်တော်မြို့နယ ် တောင်ထောင်ဟာယာကျေးရွာ၊ ခါလာချေ(ခ)ရှိင်းမောင်(၁၅)နှစ်၊ အာမွတ်‌ဆော်ဝါး(ခ)ခင်မောင်စိုး(၁၅)နှစ် ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာ၊ ဆာဒီဟူဆင်း(ခ)ကျော်ကျော်(၁၄)နှစ်၊မာမွတ်နာ‌
ဆေး(ခ)မောင်မောင်ထွန်း၁၃နှစ်၊ ဆွေ့ယော့မာမွတ်(၁၂)နှစ်၊ မင်းပြားမြို့နယ် ဆတ်ကြာကျေးရွာ၊ အီစ္စမိုင်(ခ)ကျော်နိုင်(၁၅)နှစ်ကျောက်တော်မြို့နယ် ပိုက်သည်ကျေးရွာ၊ဆွန်ဂျူအာလောင်(ခ)သိန်းရွှေ(၁၇)နှစ်၊ မာရရှစ်(၁၄)နှစ်ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာ၊ မာမွတ်ရော်ဖီ(၁၆)နှစ်၊ မအာဂျီတာ‌နေဆား(ခ)မမာချို(၁၄)နှစ်ကျောက်တော်မြို့နယ် ပေါက်တောပလ္လင်ကျေးရွာ၊ မာမွတ်ဟူဆိမ်း(ခ)ကံမောင်(၁၅)နှစ် စစ်တွေမြို့နယ် ဆပ်ပလီကျေးရွာတို့မှ ဖြစ်ကြောင်း ရေနံမနယ်မြေရဲစခန်းက သိရသည်။ရခိုင်ပြည်နယ်အတွင်းမှ တရားမဝင်ရောက်ရှိလာ သည့် ဘင်္ဂါလီ(၁၄) ဦးကို မင်းလှမြို့မရဲစခန်းကို ခေါ်ဆောင်စစ်ဆေးပြီး ၁၉၄၉မြန်မာနိုင်ငံအတွင်း နေထိုင်သူမှတ်ပုံတင်အက်ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်လျှက်ရှိကြောင်း မင်းလှမြို့နယ်ရဲ တပ်ဖွဲ့ မှတာရှိသူထံမှသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment