Sunday, February 2, 2020

တရားမဝင်သစ်များ သယ်ဆောင်ခဲ့သည့် ကားပေါ်တွင်ပါလာသော ကပစ(၁၀)(မလွန်)မှ ဗိုလ်ကြီး(၁)ဦး၊ တပ်ကြပ်ကြီး(၁)ဦးတို့ကို၊မလွန်ကပစ(၁၀)သို့ ပြန်လွဲပေးလိုက်ကြောင်း သိရ


ငဖဲ ဖေဖော်ဝါရီလ ၂ ရက်

တရားမဝင်သစ်များ သယ်ဆောင်ခဲ့သည့် ကားပေါ်တွင်ပါလာသော ကပစ(၁၀)(မလွန်)မှ ဗိုလ်ကြီး(၁)ဦး၊ တပ်ကြပ်ကြီး(၁)ဦးတို့ကို၊မလွန်ကပစ(၁၀)သို့ ပြန်လွဲပေးလိုက်ကြောင်း စစ်ဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းအရအရေးယူမည်ဆိုကာ ခေါ်ဆောင်သွားတာဖြစ်ကြောင်း
ငဖဲမြို့နယ်သစ်‌တောဦးစီးမှူးဦး‌မိုးအာကာကျော်က အတည်ပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် နတ်ရေကန် တောင်ဒေသရှိ လူမှုအသင်းဖွဲ့များမှ ဇန်နဝါရီလ (၃၁) ရက်နေ့ညက သတင်းအရခိုးဝင်ဘင်္ဂါလီရှာ ဖွေနေစဥ် ကျွဲသလင်း -ဆားပေါက်လမ်းမှာ
အဖြူရောင်(၆) ဘီးယာဥ်ဖြင့် ပျဉ်းကတိုး(၃)တန် ကျော် တရားမဝင်သစ်များ သယ်ဆောင်ခဲ့သည့် ကပစ(၁၀)(မလွန်) ဗိုလ်ကြီး(၁)ဦး၊ တပ်ကြပ်ကြီး (၁)ဦး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ပါ (၄) ဦးတို့ကို တရားမဝင်သစ်ကားနှင့်အတူ တွေ့ရှိခ့ဲတာဖြစ်ကြောင်းသိရသည်။

ဗိုလ်ကြီးနဲ့တပ်ကြပ်ကြီးတိုကိုမလွန်ကပစ(၁၀)ကို ပြန်လွဲပေးလိုက်တယ် မလွန်ကပစ(၁၀)က ဗိုလ်မှူးက လာခေါ်သွားတာ၊စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရအရေးယူဖို့အတွက် ဖြစ်တယ်လို့သိရပါတယ် ဟုငဖဲမြို့နယ်သစ်‌တော ဦးစီးမှူးဦး‌မိုးအာကာကျော်က ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့် သစ်တင်ယာဉ် ယာဉ်အမှတ် MDY/6N-4147 Canter(၆) ဘီးအဖြူရောင်ယာဉ်နဲ့အတူ ဗိုလ်ကြီး၊ တပ်ကြပ်ကြီး၊ယာဉ်မောင်း၊ယာဉ်နောက် လိုက်တို့အား ပဒါန်းနယ်မြေရဲစခန်းတွင် (ပ)၈/၂၀၂၀၊ သစ်တောပုဒ်မ-၄၂(က)ဖြင့် အမှုဖွင့်ကြောင်း သိရသည်။
သတင်း ဇာမဏီ ဓာတ်ပုံ ရန်အောင်ထွန်း

0 comments:

Post a Comment