Tuesday, February 25, 2020

မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ် နယ်စပ်တွင် တရားမဝင် သစ်ခွဲစက်(၃) ခုနှင့်အတူ သစ်တန်ချိန်(၃၅) တန်ဖမ်းဆီးရမိ


ကံမ ဖေဖော်ဝါရီလ ၂၄
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ် နယ်စပ်် ကျောက်ပန်းတောင်း ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ (၂၃)ရက် ညနေပိုင်းက တရားမဝင်သစ်ခွဲစက်(၃) ခုနှင့်အတူ သစ်တန်ချိန်(၃၅) တန်ဖမ်းဆီး ရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးသစ်တော ဦးစီးဌာနမှ သိရသည်။
တရားမဝင်သစ်ခွဲစက်လုပ်ကိုင်နေကြောင်း သတင်းပေးချက်အရ မင်းတုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း သစ်တောဌာနမှတာဝန်ရှိသူများ ဒေသခံပြည်သူများပူးပေါင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှ ဖမ်းဆီးရမိခ့ဲကြောင်းသိရသည်။
အဆိုပါဖမ်းဆီးရာတွင် တရားမဝင် သစ်ခွဲစက်(၃) ခုနှင့်အတူ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသစ်များ
စုစုပေါင်းသစ်တန်ချိန် (၃၅)တန်ခန့်နှင့် သစ်ခွဲစက်တွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်း များနှင့်အတူ လူ(၆)ဦးကိုဖမ်းဆီးရမိကြောင်း မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးတင့်ကပြောသည်။
ယင်းဖမ်းဆီးရမိသူများကို သစ်တောဥပဒေပုဒ်မ ၄၈/ ၄၂ အရအမှုဖွင့်ထားကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးမှာ လေးလအတွင်း တရားမဝင်သစ်တန်ချိန် (၅၁၆)တန် ကေျာ်သိမ်းဆည်း ရမိပြီး| ဖမ်းဆီးရမိသည့် အကြိမ်ရေ (၃၉၁)ကြိမ် အမှုပေါင်း(၄၁၆)မှု အရေးယူခ့ဲကြောင်းသိရ သည်။
သတင်း ဇာမဏီ

0 comments:

Post a Comment