Sunday, February 23, 2020

မကွေးမြို့တွင်ဒုတိယအကြိမ်မြောက်မျက်ကြည် လွှာ ကိုယ်တွင်းအင်္ဂါများနဲ့ ခန္ဓာကိုယ်စုပေါင်း လှူဒါန်းပွဲပြုလုပ်မည်


မကွေး ဖေဖော်ဝါရီလ ၁၈ ရက်
မကွေးမြို့တွင်ဒုတိယအကြိမ်မြောက် မျက်ကြည် လွှာ ကိုယ်တွင်းအင်္ဂါများနှင့်ခန္ဓာကိုယ်စုပေါင်း လှူဒါန်းပွဲကိုဖေဖော်ဝါရီ(၂၁)ရက်နေ့မှာကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
စုပေါင်းလှူဒါန်းပွဲနေ့တွင် ဆေးတက္ကသိုလ် (မကွေး) မှာဖေဖော်ဝါရီ(၂၁) ရက်နေ့နံနက်ပိုင်းမှာ ကျင်းပမှာဖြစ်ပြီးညနေပိုင်းမှာ လူဒါန်းမှုတွေ အတွက်မြသလွန်စေတီမှာရေစက်ချပွဲကိုလည်းကျင်းပသွားမှာဖြစ်ကြောင်းတန်ဖိုးရှိသောလူသားများ အသင်းချုပ​် ဥက္ကဌဦးဇေသူကိုကိုက ပြောသည်။
"မျက်ကြည်လွှာ ကိုယ်တွင်းအင်္ဂါများနဲ့ခန္ဓာကိုယ် လှူဒါန်းလို့ရတယ်ဆိုတာကို မသိတ့ဲသူတွေမြန်မာ နိုင်ငံမှာ အများကြီးရှိပါတယ် ဒီစုပေါင်းလှူဒါန်း ပွဲကနေ မသိတ့ဲလူတွေကိုသိစေချင်တယ် မျက်ကြည် လွှာကိုယ်တွင်းအင်္ဂါများနဲ့ခန္ဓာကိုယ် လှူဒါန်းမှုကို တစ်နေရာထဲမှာလွယ်လွယ်ကူကူ လှူဒါန်းလို့ရအောင်ဆိုတ့ဲရည်ရွယ်ချက်နဲ့
မျက်ကြည် လွှာကိုယ်တွင်းအင်္ဂါများနဲ့ ခန္ဓာကိုယ်စုပေါင်းလှူဒါန်းပွဲပြုလုပ်မှာဖြစ်ပါတယ်ဟုတန်ဖိုးရှိသောလူသားများအသင်းချုပ်ဥက္ကဌဦးဇေသူကိုကိုက ပြောသည်။
မကွေးမြို့ မှာဆေးတက္ကသိုလ် ( မကွေး ) ရှိတဲ့အတွက်ခန္ဓာဗေဒ ပညာရပ် သင်ကြား ရေးအတွက် အထောက်အကူပြုနိုင်တဲ့ခန္ဓာကိုယ် တစ်ခုတည်းသာ လှူဒါန်းခွင့်ရှိပြီးရန်ကုန်မြို့ နှင့် မန္တလေးမြို့ တွင်သာလှူဒါန်းခွင့်ရသော
မျက်ကြည်လွှာ နှင့် ကိုယ်တွင်းအင်္ဂါများ ကိုလည်းလှူဒါန်းချင်စိတ်ရှိနေသောအလှူရှင်များကိုတစ်နေရာတည်းမှာလွယ်ကူအဆင်ပြေလှူဒါန်း နိုင်စေဖို့အတွက်မြို့အလိုက်လစဥ်လုပ်ဆောင်နေကြောင်းသိရသည်။
"လှူဒါန်းသူ​တွေရဲ့မျက်ကြည်လွှာနဲ့ကိုယ်တွင်း အင်္ဂါလိုအပ်နေသူတွေအတွက် ပြန်လည်လှူဒါန်း မှာဖြစ်သလိုခန္ဓာဗေဒ ပညာရပ် သင်ကြားရေး အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ် ဟုတန်ဖိုးရှိသောလူသားများအသင်းချုပ်ဥက္ကဌဦးဇေသူကိုကိုက ပြောသည်။
မကွေးမြို့မှာတန်ဖိုးရှိသောလူသားများအသင်းချုပ်က ပထမအကြိမ်စုပေါင်းလှူဒါန်းပွဲပြ
လုပ်စဥ်ကခန္ဓာကိုယ်လှူဒါန်းသူ၄၁ဦး၊ကိုယ်တွင်းအင်္ဂါလှူဒါန်းသူ၃၃ ဦး၊မျက်ကြည်လွှာလှူဒါန်းသူ၅၈ဦးလှူဒါန်းခဲ့​ကြောင်းသိရသည်။
စုပေါင်းလှူဒါန်းပွဲမှာလှူဒါန်းချင်သူတွေအနေနဲ့ဓာတ်ပုံ၄ပုံနဲ့မှတ်ပုံတင်မိတ္တူတစ်စောင်၊အသိသက်သေတစ်ဦး​ဖြင့်လှူဒါန်းနိုင်ကြောင်း သိရသည်။
တန်ဖိုးရှိသောလူသားများအသင်းချုပ်အနေနဲ့ရန်ကုန်၊မန္တလေး၊မကွေး ဧရာဝတီတိုင်း ပုသိမ်နှင့် ပန်းတနော်တောင်ကြီးမြို့တွေမှာစုပေါင်းလှူဒါန်းပွဲတွေကိုတစ်မြို့လျှင်၄လတစ်ကြိမ်လုပ်ဆောင်ပေးကြောင်းသိရသည်။
တန်ဖိုးရှိသောလူသားများအသင်းချုပ်ကမကွေးမြို့မှာပထမအကြိမ်စုပေါင်းလှူဒါန်းပွဲကို(၂၀၁၉) ခုနှစ်အောက်တိုဘာလကကျင်းပခဲ့​ကြောင်း သိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment