This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, February 29, 2020
စတုတ္ထတန်းစာမေပွဲဖြေအပြီး Heart to Heart ရေကစားကွင်းတွင် သွားရောက်ရေကစားသည့် ကျောင်းသူတစ်ဦးရေနစ်သေဆုံး
မကွေး ဖေဖော်ဝါရီလ ၂၉
ဖေဖော်ဝါရီလ ၂၈ရက်နေ့က စတုတ္ထတန်း စာမေပွဲဖြေအပြီး မကွေးမြို့ Heart to Heart
ရေကစားကွင်းတွင် သွားရောက်ရေကစားသည့် ကျောင်းသူတစ်ဦးရေနစ်သေဆုံးကြောင်း မကွေးမြို့မရဲစခန်းမှသိရသည်။
ဖြစ်စဥ်မှာ မကွေးမြို့နယ် ကံသာကြီးကျေးရွာမှ စတုတ္ထတန်းစာမေးပွဲပြီးဆုံး၍ /ကျောင်းသား ကျောင်းသူ များနှင့် ဆရာ မိဘအုပ်ထိန်းသူများ နှင့် ရွာမှသုံးဘီး​​ဖြင့် ​မကွေမြို့က Heart to Heart ရေကစားကွင်းကို လာရောက်ရေကစား စဥ်ဖြစ်ပွားခဲ့ကြောင်းမကွေးမြို့မ ရဲစခန်းစခန်းမှူး ဒုရဲမှူးဝင်းနိင်က ပြောသည်။
​ေရကစားနေတုံး ညနေ(၆)နာရီအချိန်ခန့်မှာ မနွေရတနာအောင် (၁၀)နှစ် စတုတ္ထတန်း ကျောင်းသူ ကံသာကြီးကျေးရွာနေသူက ရေလွှာလျှောစီးကွင်း ရေအနက်(၆)ပေခန့်ရှိ ရေကန်ထဲမှာ ရေနစ်ခဲ့ပါတယ်၊ မိဘတွေက အော်ဟစ်အကူညီတောင်းလို့ ပတ်ဝန်း ကျင်မှာရှိသူတွေက ကူညီဆယ်ယူပြီး မကွေးဆေးရုံးကို ပိုဆောင်တော့ သေဆုံး နေတာကို သိရပါတယ်လို့ မကွေးမြို့မ ရဲစခန်းစခန်းမှူး ဒုရဲမှူးဝင်းနိင်က ပြောသည်။
မနွေရတနာအောင် သေဆုံးတာ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးပေးနိင်ရေး အတွက် မကွေးမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဥ် ၂/၂၀၂၀ သေမှုသေခင်းရေးဖွင့်ထား ကြောင်းသိရသည်။
သတင်း ဇာမဏီ
Friday, February 28, 2020
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၂ ၊ ၂၀၂၀ ၊မတ်လ (၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၂၀၊ ဖေဖော်ဝါရီ လ ၂၉ ရက်နေ့ မှာ ဖြန့်ချိပါမည်။
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၂ ၊ ၂၀၂၀ ၊မတ်လ (၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၂၀၊ ဖေဖော်ဝါရီ လ ၂၉  ရက်နေ့ မှာ ဖြန့်ချိပါမည်။ 
အထူးသတင်းနှင့် ဆောင်းပါးများ 
(၇၂)ကြိမ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားများကို မကွေးမြို့၊ ခရိုင်အားကစာကွင်း နှင့် တောင်တွင်းကြီးမြို့နယ်၊ သရက်ခုံကျေးရွာ များတွင် ကျင်းပကြ ….. စာမျက်နှာ- ၁၁/ ၂၄
 (၁) ဧရာ၀တီမြစ်ကမ်းပါးပြိုကျမှုကြောင့် သိမ်ကုန်းကျေးရွာတွင်  အခက်အခဲများကြုံတွေ့၍ သက်ဆိုင်ရာမှ ဆောင်ရွက်ပေးစေချင်   စာမျက်နှာ - ၁၀
(၂) တိုင်ကြားပါလျက် အရေးယူခြင်းမရှိသည့်အပြင် တစ်ဆင့်မြှင့်ရာထူးတိုးပေးခဲ့၍ မကွေးမြို့တွင် တစ်ကိုယ်တော် အသံတိတ်  ဗီနိုင်းချိတ်  ဆန္ဒပြ        စာမျက်နှာ - ၁၀
(၃) စလင်းမြို့နယ်တွင် မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိ ထန်းရွက်အကာကိုမီးကူးလောင်၍ နေအိမ် ၇ လုံးမီးလောင်မှုဖြစ်     စာမျက်နှာ-၂၂
(၄) ‘နှစ်လုံးရည်ပြည့်၀တဲ့ အနာဂတ်သားကောင်း သမီးကောင်းရတနာလေးတွေ ပေါ်ထွက်လာဖို့’   (ဆောင်းပါး)     စာရေးဆရာမ   မြနှင်းသုန်      စာမျက်နှာ -၂၀     
(၅) ပြဌာန်းချက်များအကြားက ရေစီသံ …..(ဆောင်းပါး)      မြား(၈၈)              စာမျက်နှာ ၂၃
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : https://www.facebook.com/Myaylatt-Daily-200456737190562
Monday, February 24, 2020
မြို့သစ်ယင်းချောင်းတံတားအနီး ဘုရားဖူးယာဉ်တိမ်းမှောက် သံဃာတော်(၄)ပါးနှင့် ခရီးသည်(၉)ဦး ဒဏ်ရာရ
မြို့သစ်ယင်းချောင်းတံတားအနီး ဘုရားဖူးယာဉ်တိမ်းမှောက် သံဃာတော်(၄)ပါးနှင့် ခရီးသည်(၉)ဦး ဒဏ်ရာရ
သတင်း ကိုရဲ(မကွေး)
တင်ဆက် မျိုးမင်း
သတင်း ကိုရဲ(မကွေး)
တင်ဆက် မျိုးမင်း
ကားလမ်းမဘေး ဓမ္မရုံဆောက်လုပ်ရန် အလှုုခံနေသော လူတစ်ဦးအား အရှိန်မထိန်နိုင်ဘဲမောင်းနှင်လာသည့် ဆိုင်ကယ်အတိုက်ခံရပြီးသေဆုံး
ကားလမ်းမဘေး ဓမ္မရုံဆောက်လုပ်ရန် အလှုုခံနေသော လူတစ်ဦးအား အရှိန်မထိန်နိုင်ဘဲမောင်းနှင်လာသည့်
ဆိုင်ကယ်အတိုက်ခံရပြီးသေဆုံး
ရေနံချောင်း ဖေဖော်ဝါရီလ ၂၄
ဖေဖော်ဝါရီ၂၃ရက်နေ့၊ညနေပိုင်းကရေနံချောင်း- ကျောက်ပန်းတောင်းသွား ကားလမ်း၊ကြီးမြင့်ကျေးရွာအနီး၊မိုင်တိုင်အမှတ်၃၇၃ နှင့်၃၇၃/၁ကြား၊တွင်ရေနံချောင်းမြို့နယ်၊ကမ္မကျေးရွာဓမ္မာရုံ ဆောက်လုပ်ရန်၊အလှုုခံနေသော လူတစ်ဦးအား အရှိန်မထိန်နိုင်ဘဲမောင်းနှင်လာသည့်
ဆိုင်ကယ်အတိုက်ခံရပြီးသေဆုံးကြောင်းဂွေးပင်ရဲစခန်းမှသိရသည်။
ဖြစ်စဥ်မှာဖေဖော်ဝါရီ၂၃ရက်နေ့၊ညနေပိုင်းက ဂွေးချိုဘက်မှရေနံချောင်းမြို့ဘက်သို့၊မောင်စိုးမင်းဦး၊ရေနံချောင်းမြို့၊သစ်တစ်ပွေ ရပ်ကွက်၊ရေနံ့သာရပ်ကွက်နေသူ မောင်းနှင်လာသော၊၃၅ယ/.........HONDA 150-CBRအမျ်ုးစား၊အဖြူရောင်ဆိုင်ကယ်သည်၊
ကြီးမြင့်ကျေးရွာအနီး၊မိုင်တိုင်အမှတ်၃၇၃ နှင့်၃၇၃/၁ကြား၊တွင်ရေနံချောင်းမြို့နယ်၊ကမ္မကျေးရွာဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ကားလမ်းအနောက်ဘက်တွင် အလှုုခံနေသော၊ဦးစိန်မြိုင်( ၇၄နှစ်) ရာအိမ်မှူး ကမ္မကျေးရွာ နေသူအား အားအရှိန်မထိန်းနိုင်ပဲဝင်ရောက ် တိုက်မိခြင်းဖြစ်ကြောင်းရဲစခန်းမှတမ်းအရသိရသည်။
ထိုသို့တိုက်မိခြင်းကြောင့်ဦးစိန်မြိုင်တွင်ဦးခေါင်းနောက့်စေ့ပေါက်ပြဲဒဏ်ရာရရှိပြီးသေဆုံးသွားကြောင်းရဲစခန်းမှတ်တမ်းအရသိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ဂွေးပင်ရဲစခန်းမှ၊ဒုရဲအုပ်မြတ်ကိုကိုကျော်ကဆိုင်ကယ်စီးနင်းသူအားဥပဒေအရအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းထားပြီးအမှု့ဖွင့်အရေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်း ဇာမဏီ
မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ် နယ်စပ်တွင် တရားမဝင် သစ်ခွဲစက်(၃) ခုနှင့်အတူ သစ်တန်ချိန်(၃၅) တန်ဖမ်းဆီးရမိ
ကံမ ဖေဖော်ဝါရီလ ၂၄
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ် နယ်စပ်် ကျောက်ပန်းတောင်း ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ (၂၃)ရက် ညနေပိုင်းက တရားမဝင်သစ်ခွဲစက်(၃) ခုနှင့်အတူ သစ်တန်ချိန်(၃၅) တန်ဖမ်းဆီး ရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးသစ်တော ဦးစီးဌာနမှ သိရသည်။
တရားမဝင်သစ်ခွဲစက်လုပ်ကိုင်နေကြောင်း သတင်းပေးချက်အရ မင်းတုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း သစ်တောဌာနမှတာဝန်ရှိသူများ ဒေသခံပြည်သူများပူးပေါင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှ ဖမ်းဆီးရမိခ့ဲကြောင်းသိရသည်။
အဆိုပါဖမ်းဆီးရာတွင် တရားမဝင် သစ်ခွဲစက်(၃) ခုနှင့်အတူ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသစ်များ
စုစုပေါင်းသစ်တန်ချိန် (၃၅)တန်ခန့်နှင့် သစ်ခွဲစက်တွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်း များနှင့်အတူ လူ(၆)ဦးကိုဖမ်းဆီးရမိကြောင်း မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးတင့်ကပြောသည်။
ယင်းဖမ်းဆီးရမိသူများကို သစ်တောဥပဒေပုဒ်မ ၄၈/ ၄၂ အရအမှုဖွင့်ထားကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးမှာ လေးလအတွင်း တရားမဝင်သစ်တန်ချိန် (၅၁၆)တန် ကေျာ်သိမ်းဆည်း ရမိပြီး| ဖမ်းဆီးရမိသည့် အကြိမ်ရေ (၃၉၁)ကြိမ် အမှုပေါင်း(၄၁၆)မှု အရေးယူခ့ဲကြောင်းသိရ သည်။
သတင်း ဇာမဏီ
တောင်တွင်းကြီးမြို့ရှိ နှစ်ပေါင်း(၁၀၀၀)ကျော် သက်တမ်းရှိ ဂူကြီး(ဗိမာန်) ဘုရားကြီးအား ပြုပြင်ထိန်းသိမ်းလျှက်ရှိ
တောင်တွင်းကြီးမြို့ရှိ နှစ်ပေါင်း(၁၀၀၀)ကျော် သက်တမ်းရှိ ဂူကြီး(ဗိမာန်) ဘုရားကြီးအား ပြုပြင်ထိန်းသိမ်းလျှက်ရှိ
သတင်း ကျော်ဇေယျာ(တောင်တွင်းကြီး)
တင်ဆက် မျိုးမင်း
တင်ဆက် မျိုးမင်း
Sunday, February 23, 2020
(သာသနဓဇ ဓမ္မာစရိယ၊ဥဘတောဝိဘင်္ဂဓရ၊ဝိနယဓရ) အရှင်သောဘန (ပိဋက တစ်ပုံအောင်)နှင့် (ဝိနယဓရ၊သာသနဓဇဓမ္မာစရိယ၊ဥဘတောဝိဘင်္ဂကောဝိဒ၊ဝိနယဝိဒူ) အရှင်သုမင်္ဂလ (ပိဋကတစ်ပုံအောင်)တို့ အရှင်မြတ်နှစ်ပါးအား ချီးကျုူးဂုဏ်ပြု ပူဇော်ပွဲကျင်းပ
(သာသနဓဇ ဓမ္မာစရိယ၊ဥဘတောဝိဘင်္ဂဓရ၊ဝိနယဓရ) အရှင်သောဘန (ပိဋက တစ်ပုံအောင်)နှင့် (ဝိနယဓရ၊သာသနဓဇဓမ္မာစရိယ၊ဥဘတောဝိဘင်္ဂကောဝိဒ၊ဝိနယဝိဒူ) အရှင်သုမင်္ဂလ (ပိဋကတစ်ပုံအောင်)တို့ အရှင်မြတ်နှစ်ပါးအား ချီးကျုူးဂုဏ်ပြု ပူဇော်ပွဲကျင်းပ
သတင်း ကိုရဲ(မကွေး)
တည်းဖြတ် မျိုးမင်း
(သာသနဓဇ ဓမ္မာစရိယ၊ဥဘတောဝိဘင်္ဂဓရ၊ဝိနယဓရ) အရှင်သောဘန (ပိဋက တစ်ပုံအောင်)နှင့် (ဝိနယဓရ၊သာသနဓဇဓမ္မာစရိယ၊ဥဘတောဝိဘင်္ဂကောဝိဒ၊ဝိနယဝိဒူ) အရှင်သုမင်္ဂလ (ပိဋကတစ်ပုံအောင်)တို့ အရှင်မြတ်နှစ်ပါးအား ချီးကျုးဂုဏ်ပြု ပူဇော်ပွဲကျင်းပ
သတင်း ကိုရဲ(မကွေး)
တည်းဖြတ် မျိုးမင်း
ဖေဖော်ဝါရီ (၂၀) ရက်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား ထုတ်ယူနိုင်
ဖေဖော်ဝါရီ (၂၀) ရက်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား ထုတ်ယူနိုင်
မီးလောင်မှုဖြစ်ပွားခဲ့သည့် အိုးပြင်မဲကျေးရွာကို မကွေးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံငွေနှင့် ထောက်အကူပြုစ္စည်းတွေပေးအပ်ခဲ့
မင်းဘူး ဖေဖော်ဝါရီလ ၁၆
မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအုပ်စု အိုးပြင်မဲကျေးရွာမှာ ဖေဖော်ဝါရီ၁၂ရက်နေ့
ညနေ (၅)နာရီလောက်က တောမီးကတစ်ဆင့် ကူးစက်ပြီးမီးလောင်ကျွမ်းဆုံးရှုံးသွားတဲ့လူနေအိမ်ခြေ ၇၄ အိမ်ခန့်ကိုမကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနကထောက်ပံငွေ(၈၄)သိန်းကျော်ကိုထောက်ပံ့ခဲ့ ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ရာတွင် လောင်ကျွမ်းခဲ့သည့် အိမ်အမျိုးအစားအလိုက်ထောက်ပံ့ငွေပေးအပ်တာတွေအပြင်ကျောင်းသားကျောင်းသူတွေအတွက်ကျောင်းဝတ်စုံများလည်းထောက်ပံ့ပေးခ့ဲကြောင်း မကွေးတိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
"မီးလောင်ဆုံးရှုံးတ့ဲအိမ် ၇၄ လုံးမှာ သွပ်မိုးထရံကာအိမ်(၇၀)ကို တစ်အိမ်(၁၀၀၀၀၀)ထောက်ပံ့ပြီး တိုက်တာအဆောက်အဦး(၄)အိမ်အတွက် တစ်အိမ်(၂၀၀၀၀၀)ထောက်ပံ့ခ့ဲတယ် မီးဘေးသင့်ပြည်သူ (၂၉၆)ဦးအတွက် တစ်ဦး ဆန်ရိက္ခာဖိုး (၂၁၀၀)ကျပ် စုစုပေါင်းကျပ်သိန်း (၈၄၂၁၆၀၀) ထောက်ပ့ံပေးခဲ့ပါတယ် ဒါအပြင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးထောက်ပံ့တယ် ကျောင်းသားကျောင်းသူရှိတ့ဲအိမ်တွေကို ကျောင်းဝတ်စုံတွေထောက်ပံပေးခ့ဲပါတယ်ဟု ၎င်းကပြောသည်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့အိမ်ထောင်စုတွေကိုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနကထောက်ပံ့ကူညီတာအပြင်တခြားအလှူရှင်တွေ တခြားပရဟိအဖွဲ့တွေကလည်းလာရောက်ကူညီထောက်ပံ့​ပေးခဲ့သည်။
ယင်းမီးလောင်မှုမှာတောမီးလော​င်​ကျွမ်းရာကနေ အိုးပြင်မဲကျေးရွာနေဦးတင်ရွှေအသက်(၅၂)ပိုင်သက်ကယ်မိုးဝါးထရံကာနွားတင်းကုတ်ပေါ်မီးပွားများကျရောက်ကူးစက်လောင်ကျွမ်းခဲ့​ခြင်းဖြစ်သည်။
မကွေးတိုင်းမှာယခုနှစ်အတွင်းမှာ မီးလောင်မှု အများဆုံးကအခုတစ်ကြိမ်သာဖြစ်ပါတယ်။နွေရာသီမှာ မီးဘေး လေဘေးနဲ့ကမ်းပြိုဘေး တွေဖြစ်ပွားနိုင်လို့​ပြည်သူတွေအနေနဲ့ သတိထားနေထိုင်စေချင်တယ်မကွေးတိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
​ပြီးခဲ့တဲ့နှစ် မကွေးတိုင်းအတွင်း မီးဘေး ကမ်းပြိုဘေး လေဘေး ရေဘေးစတဲ့သဘာဘေး ၄၄၂ကြိမ်ဖြစ်ပွားခဲ့ပြီးမကွေးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ထောက်ပံငွေသိန်း၄၅၀၀ကေျာ်ကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့စာရင်းဇယားများအရသိရသည်။
သတင်း ဇာမဏီ
ပဒါန်းကျေးရွာအနီးကြက်တိုက်လောင်းကစားဝိုင်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းအရ သွားရောက်ဖမ်းစီးရာမှ၊ လူ၈ဦးနဲ့အတူ တိုက်ကြက်၄ကောင်၊ ဆိုင်ကယ်၂၂စီးနဲ့ လောင်းကြေးငွေ၅သိန်းကျော် ဖမ်းမိ
ပဒါန်းကျေးရွာအနီးကြက်တိုက်လောင်းကစားဝိုင်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းအရ သွားရောက်ဖမ်းစီးရာမှ၊ လူ၈ဦးနဲ့အတူ
တိုက်ကြက်၄ကောင်၊ ဆိုင်ကယ်၂၂စီးနဲ့ လောင်းကြေးငွေ၅သိန်းကျော် ဖမ်းမိ
မကွေး ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ် ပဒါန်းကျေးရွာ အနီးလူဦးရေ(၅၀)ခန့်ပါဝင်တဲ့ကြက်တိုက်လောင်းကစားဝိုင်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ၁၅ရက်နေ့လည်၁နာရီ၃၀မီနစ်အချိန် ဝင်ရောက်ဖမ်းဆီးစဥ် ဖမ်းမိခဲ့ခြင်းဖြစ ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများမှာကြက်ဒိုင်ဖိုးဇော်(ခ)ဆန်းထိုက်လောင်းကစားစာရင်းကိုင်မင်းဦးကြက်ကုဇော်ဌေး၊ကြက်တိုက်လောင်းကစားနေသူများဖြစ်တဲ့ တင်ထွန်းအောင်၊ လှိုင်မျိုးထွန်း၊ ဝင်းမြိုင်၊ဇော်မင်းဦးနဲ့ ဆန်းမင်းနိုင်တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်လူများမှာထွက်ပြေးလွတ်မြောက်သွား​ကြောင်းတိုင်းရဲတပ်ဖွဲ့ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ်မျိုးလွင်ကပြောသည်။
ဖြစ်စဥ်မှာ ငဖဲမြို့နယ်ပဒါန်းကျေးရွာ အနီးကျောက်တန်းလေးကန် အရှေ့တောင် ဘက်ဝါးရုံတောအတွင်း ကြက်တိုက် လောင်ကစားလုပ်နေတဲ့ လူဦးရေ၅၀ခန့်ပါဝင်တဲ့ လောင်းကစားဝိုင်းကို တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးအောင်နိင်ဦးခေါင်းဆောင်သောရဲတပ်ဖွဲ့က ဝင်ဖမ်းတာဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူတွေဆီက လောင်းကြေးငွေ ၅သိန်းကျော်၊ တိုက်ကြက်ဖ၄ကောင် နဲ့ဆိုင်ကယ်၂၂စီးတိုကို သိမ်းဆည်းရမိခဲ့​တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့သူ ၈ဦးကို ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းမှာ (ပ)၁၁/၂၀၂၀၊လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း ဇာမဏီ
သတင်းဓါတ်ပုံ ပဒါန်းနယ်မြေရဲစခန်း
ကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာမှ ကျောင်းသားတစ်ဦးဓါးဖြင့်အထိုးခံရပြီးသေဆုံး
ကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာမှ ကျောင်းသားတစ်ဦးဓါးဖြင့်အထိုးခံရပြီးသေဆုံး
ရေနံချောင်း ဖေဖော်ဝါရီလ ၁၆ ရက်
ကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာမှ ကျောင်းသားတစ်ဦးဓါးဖြင့်အထိုးခံရပြီးသေဆုံးကြောင်း ရေချောင်း မြို့နယ်ညောင်လှနယ်မြေရဲစခန်းမှသိရသည်။ဖြစ်စဥ်မှာဖေဖော်ဝါရီလ(၁၄)ရက်နေ့ည(၁၀)နာရီ အချိန်ခန့်ကရေနံချောင်းဒီဂရီကောလိပ်မှ ကျော်မျိုးလင်း (၁၈)နှစ် (ပ)နှစ်ဓာတုဗေဒသည်၎င်း၏သူငယ်ချင်းဖြစ်သူ သိန်းသန်းဦးနေထိုင် သော သစ်တပွေရပ်ကွက် ကုန်မြင့်သာရပ်ရှိ ပန်းသတင်းဘော်ဒါဆောင်သို့ သွားရောက်အိပ်စက်စဉ် ၎င်းဘော်ဒါဆောင်နေ အောင်မျိုးဦး (၁၈)နှစ် ကံသာကြီးကျေးရွာ ပွင့်ဖြူမြို့နယ်နေသူ၏ စောင်အားခြုံယူသဖြင့် ကျော်မျိုးလင်းနှင့်အောင်မျိုးဦးတို့စကားများခဲ့ကြပြီး (၂၀၂၀)ဖေဖော်ဝါရီ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် သစ်တပွေရပ်ကွက် တောင်ပေါ်သားဘော်ဒါဆောင်တွင် ကျူရှင်တက်ရောက်နေစဉ် ယမန်နေ့ကဖြစ်စဉ်အား မကြေနပ်၍ ကျော်မျိုးလင်း၏အကိုဝမ်းကွဲတော်စပ်သူ သန်းနိုင် (၂၁)နှစ် နေရပ်လိပ်စာစုံစမ်းဆဲက အောင်မျိူးဦးအား ပုလင်းဖြင့်ရိုက်ခဲ့ရာ ကျောင်းသားများကဝင်ရောက်ဖြန်ဖြေသဖြင့် ရန်ပွဲမှာပြီးဆုံးသွားခဲ့ပြီး အဆိုပါဖြစ်စဉ်အား အောင်မျိုးဦးက ရန်ညိုထား၍ ဖေဖော်ဝါရီလ (၁၆)ရက် (၉)နာရီအချိန်ခန့်က သစ်တပွေ ရပ်ကွက် တောင်ပေါ်သား ဘော်ဒါဆောင်တွင် ကျူရှင်တက်ရောက်နေသောကျော်မျိုးလင်းအား ပုလင်းဖြင့်စတင်ရိုက်နှက်ခဲ့ရာ ကျော်မျိုးလင်းမှ အသင့်ပါလာသောဓါးဖြင့် ထိုးခဲ့သဖြင့် အောင်မျိုးဦးတွင်ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက် ညာဘက်လက်မောင်းရင်းထိုး သွင်းဒဏ်ရာတစ်ချက် ညာဘက်ရင်ဘက် အထက်ပိုင်းထိုးသွင်းဒဏ်ရာတစ်ချက် စုစုပေါင်းဓါးဒဏ်ရာ(၃)ချက်ဖြင့် စိုးရိမ်ရတို့ရရှိပြီး ရေနံချောင်းပြည်သူ့ဆေးရုံသို့ (၉နာရီ၄၀)အချိန်ခန့်တွင် ရဲဆေးစာဖြင့်ပေးပို့ထားကြောင်းသိရသည်။
ယင်း​ဖြစ်စဥ်နှင့်ပါတ်သက်ပြီး
ဓါးဖြင့်ထိုး၍ ဒဏ်ရာရရှိအောင်ပြုလုပ်သူ
သူကျော်မျိုးလင်းအား အရေးယူပေးပါရန် ဒုရဲအုပ်နေမင်းထွန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဖေဖော်ဝါရီ(၁၆)ရက်(၁၀)နာရီ အချိန်ညောင်လှနယ်မြေရဲစခန်း(ပ) ၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၂၆ဖြင့် ကနဦးအမှုရေးဖွင့်ခဲ့ ကြောင်းသိရသည်။
​ကျောင်းသားအချင်းချင်းဖြစ်တာပါ တစ်ယောက်ကတော့ ဆေးရုံမှာဆုံးသွားတယ် ဟု ရေနံချောင်းအုပ်ချုပ်ရေးမှူးဦးမာန်ကိုဟော့က ပြောသည်။
အောင်မျိုးဦးမှာဆေးရုံမှာ သေဆုံးသွားသဖြင့်
လူသတ်မှု့ပုဒ်မပြောင်းလဲဖွင့်လှစ်သွားမည်​ဖြစ်ကြောင်းညောင်လှရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါသည်။
သတင်း ဇာမဏီ
မကွေးမြို့တွင်ဒုတိယအကြိမ်မြောက်မျက်ကြည် လွှာ ကိုယ်တွင်းအင်္ဂါများနဲ့ ခန္ဓာကိုယ်စုပေါင်း လှူဒါန်းပွဲပြုလုပ်မည်
မကွေး ဖေဖော်ဝါရီလ ၁၈ ရက်
မကွေးမြို့တွင်ဒုတိယအကြိမ်မြောက် မျက်ကြည် လွှာ ကိုယ်တွင်းအင်္ဂါများနှင့်ခန္ဓာကိုယ်စုပေါင်း လှူဒါန်းပွဲကိုဖေဖော်ဝါရီ(၂၁)ရက်နေ့မှာကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
စုပေါင်းလှူဒါန်းပွဲနေ့တွင် ဆေးတက္ကသိုလ် (မကွေး) မှာဖေဖော်ဝါရီ(၂၁) ရက်နေ့နံနက်ပိုင်းမှာ ကျင်းပမှာဖြစ်ပြီးညနေပိုင်းမှာ လူဒါန်းမှုတွေ အတွက်မြသလွန်စေတီမှာရေစက်ချပွဲကိုလည်းကျင်းပသွားမှာဖြစ်ကြောင်းတန်ဖိုးရှိသောလူသားများ အသင်းချုပ​် ဥက္ကဌဦးဇေသူကိုကိုက ပြောသည်။
"မျက်ကြည်လွှာ ကိုယ်တွင်းအင်္ဂါများနဲ့ခန္ဓာကိုယ် လှူဒါန်းလို့ရတယ်ဆိုတာကို မသိတ့ဲသူတွေမြန်မာ နိုင်ငံမှာ အများကြီးရှိပါတယ် ဒီစုပေါင်းလှူဒါန်း ပွဲကနေ မသိတ့ဲလူတွေကိုသိစေချင်တယ် မျက်ကြည် လွှာကိုယ်တွင်းအင်္ဂါများနဲ့ခန္ဓာကိုယ် လှူဒါန်းမှုကို တစ်နေရာထဲမှာလွယ်လွယ်ကူကူ လှူဒါန်းလို့ရအောင်ဆိုတ့ဲရည်ရွယ်ချက်နဲ့
မျက်ကြည် လွှာကိုယ်တွင်းအင်္ဂါများနဲ့ ခန္ဓာကိုယ်စုပေါင်းလှူဒါန်းပွဲပြုလုပ်မှာဖြစ်ပါတယ်ဟုတန်ဖိုးရှိသောလူသားများအသင်းချုပ်ဥက္ကဌဦးဇေသူကိုကိုက ပြောသည်။
မကွေးမြို့ မှာဆေးတက္ကသိုလ် ( မကွေး ) ရှိတဲ့အတွက်ခန္ဓာဗေဒ ပညာရပ် သင်ကြား ရေးအတွက် အထောက်အကူပြုနိုင်တဲ့ခန္ဓာကိုယ် တစ်ခုတည်းသာ လှူဒါန်းခွင့်ရှိပြီးရန်ကုန်မြို့ နှင့် မန္တလေးမြို့ တွင်သာလှူဒါန်းခွင့်ရသော
မျက်ကြည်လွှာ နှင့် ကိုယ်တွင်းအင်္ဂါများ ကိုလည်းလှူဒါန်းချင်စိတ်ရှိနေသောအလှူရှင်များကိုတစ်နေရာတည်းမှာလွယ်ကူအဆင်ပြေလှူဒါန်း နိုင်စေဖို့အတွက်မြို့အလိုက်လစဥ်လုပ်ဆောင်နေကြောင်းသိရသည်။
"လှူဒါန်းသူ​တွေရဲ့မျက်ကြည်လွှာနဲ့ကိုယ်တွင်း အင်္ဂါလိုအပ်နေသူတွေအတွက် ပြန်လည်လှူဒါန်း မှာဖြစ်သလိုခန္ဓာဗေဒ ပညာရပ် သင်ကြားရေး အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ် ဟုတန်ဖိုးရှိသောလူသားများအသင်းချုပ်ဥက္ကဌဦးဇေသူကိုကိုက ပြောသည်။
မကွေးမြို့မှာတန်ဖိုးရှိသောလူသားများအသင်းချုပ်က ပထမအကြိမ်စုပေါင်းလှူဒါန်းပွဲပြ
လုပ်စဥ်ကခန္ဓာကိုယ်လှူဒါန်းသူ၄၁ဦး၊ကိုယ်တွင်းအင်္ဂါလှူဒါန်းသူ၃၃ ဦး၊မျက်ကြည်လွှာလှူဒါန်းသူ၅၈ဦးလှူဒါန်းခဲ့​ကြောင်းသိရသည်။
စုပေါင်းလှူဒါန်းပွဲမှာလှူဒါန်းချင်သူတွေအနေနဲ့ဓာတ်ပုံ၄ပုံနဲ့မှတ်ပုံတင်မိတ္တူတစ်စောင်၊အသိသက်သေတစ်ဦး​ဖြင့်လှူဒါန်းနိုင်ကြောင်း သိရသည်။
တန်ဖိုးရှိသောလူသားများအသင်းချုပ်အနေနဲ့ရန်ကုန်၊မန္တလေး၊မကွေး ဧရာဝတီတိုင်း ပုသိမ်နှင့် ပန်းတနော်တောင်ကြီးမြို့တွေမှာစုပေါင်းလှူဒါန်းပွဲတွေကိုတစ်မြို့လျှင်၄လတစ်ကြိမ်လုပ်ဆောင်ပေးကြောင်းသိရသည်။
တန်ဖိုးရှိသောလူသားများအသင်းချုပ်ကမကွေးမြို့မှာပထမအကြိမ်စုပေါင်းလှူဒါန်းပွဲကို(၂၀၁၉) ခုနှစ်အောက်တိုဘာလကကျင်းပခဲ့​ကြောင်း သိရသည်။
သတင်း ဇာမဏီ
ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီအစိုးရတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား အပြန်အလှန် ဆွေးနွေးတတ်စေရန် အချင်းချင်းရင်းနှီးမှုရစေရန် ရည်ရွယ်၍ ပြည်သူ့စကားဝိုင်းများ ကျင်းပ
ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီအစိုးရတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား အပြန်အလှန် ဆွေးနွေးတတ်စေရန် အချင်းချင်းရင်းနှီးမှုရစေရန် ရည်ရွယ်၍ ပြည်သူ့စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ဟုဆို
သတင်း ကိုရဲ(မကွေး)
တည်းဖြတ် မျိုးမင်း
သတင်း ကိုရဲ(မကွေး)
တည်းဖြတ် မျိုးမင်း
ရာသီဥတု အကူးအပြောင်းကြောင့်မကွေးမြို့နယ် အတွင်းရှိ အချို့နေရာများ၌ ဝက်များ သေဆုံးမှု ဖြစ်ပွား
မကွေး ဖေဖော်ဝါရီလ ၁၉
ရာသီဥတု အကူးအပြောင်းကြောင့်မကွေးမြို့နယ် အတွင်းရှိ အချို့နေရာများ၌ ဝက်များ သေဆုံးမှု ဖြစ်ပွားကြောင်းဝက်မွေးမြူရေးပြုလုပ်သူများထံမှသိရသည်။
ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရာသီဥတုမှာ နေ့တွင်ပူပြင်းလာပြီး ညပိုင်းတွင်အေးခြင်းစ သည့် ရာသီဥတုညီမျှမှု မရှိခြင်းကြောင့် ဝက်များမှာ ဆီးချုပ် ဝမ်းချုပ်ဖြစ်ခြင်း အမ်ခြင်း ဝမ်းသွားခြင်းစသည့် လက္ခဏာများဖြင့်သေဆုံး ကြောင်းတစ်အိမ်ထဲ ဝက်(၁၁)ကောင်သေဆုံးခ့ဲ သည့် မကွေးမြို့ အောင်မေတ္တာ (ဘူတာအနီး) ရပ်ကွက် ဝက်မွေးမြူရေးလုပ်ကိုင်သူ မစန်းစန်းအေးကပြောသည်။
"ဝက်(၁၁)ကောင်မွေးထားတာ (၁၁)ကောင်လုံး သေသွားတော့ (၂၈)သိန်းဖိုးလောက်ဆုံးရှုံးသွား တယ် ဝက်တွေကျန်းမာရေးမကောင်းဘူးဆိုပြီး ဆေးခေါ်ထိုးတာလည်းမပျောက်ဘူး ဝက်တွေ ကျန်းမာရေးဖြစ်ပြီးသေတာလည်းမြန်တယ် "ဟု ၎င်းကပြောသည်။
အဆိုပါသေဆုံးသည့်ဝက်များမှာ ဝကုံးခ့ဲသည့်
ဝက်မွေးမြူရေးလုပ်ကိုင်သူေဒါ်ဖြူဖွေး ကပြောသည်။
ယခင်နှစ်များကလည်း ယခုက့ဲသို့ ဆောင်း အကုန် နွေအကူးကာလများတွင် ဝက်များ ရောဂါဝင်ရောက်သော်လည်း အသေ အပျောက်မရှိဘဲ ဆေးကုသရုံဖြင့် ပျောက်ကင်းခ့ဲသော်လည်း ယခုနှစ်မှာ ဝက်များကိုဆေးကုသမှုပြုလုပ်သော်လည်းရော ဂါပျောက်ကင်းခြင်းမရှိဘဲ သေဆုံးမူများရှိ ကြောင်းသိရသည်။
"ဝက်တင်မကပါဘူး တိရစ္ဆာန်တွေနဲ့ပတ်သက်တ့ဲ ကျန်းမာရေးမကောင်းတာဖြစ်ဖြစ် အသေ အပျောက်ဖြစ်တယ်ဆိုရင် ကျွန်မတို့ဌာနကို အကြောင်းကြားဖို့ပြော ထားတယ် ဖုန်းနံပတ ်လည်းပေးထားတယ် ဒါပေမ့ဲအကြောင်း မကြားဘူး အကြောင်းကြားရင် ကျွန်မတို့က ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ် ဆောင်ရန် ရှောင်ရန်တွေကို အသိပညာပေး နိုင်တော့ ဆုံးရှုံးမှုတွေနည်းနိုင်ပါတယ် ဟု မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမော် ကပြောသည်။
အဆိုပါသေဆုံးသည့် ဝက်များကို စားသုံးသူ များကို ပြန်လည် ရောင်းချတာတွေရှိသလို စည်းကမ်းမ့ဲလွှင့်ပစ်တာများလည်းရှိကြောင်းသိရသည်။
ရောဂါကြောင့်သေဆုံးတ့ဲဝက်တွေကို ရောဂါပြန့်နှ့ံမှုမရှိအောင် ပြန်မရောင်းချ သင့်ကြောင်း သေဆုံးသည့်ဝက်များကို စနစ်တကျ ကျင်းတူးပြီး မြေဖို့သင့်ကြောင်း မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမော် ကပြောသည်။
နှစ်လသားဝက်တစ်ကောင်လျှင် ၅၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိရှိပြီး ဝက်ကြီးတစ်ကောင် လျှင် ၁၅၀၀၀၀ ကျပ်မှ ၃၅၀၀၀၀ကျပ်အထိရှိပြီး တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများအနေဖြင့် အသေးစားချေးငွေယူ၍ မွေးမြူရေး လုပ်ကိုင်ရသဖြင့် ဆုံးရှုံးမှုများ ဖြစ်ရကြောင်း ဝက်မွေးမြူရေး လုပ်ကိုင်သူများထံက သိရသည်။
သတင်း ဇာမဏီ
Image may contain: outdoorImage may contain: outdoor
မင်းလှမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာ သည့်ဘင်္ဂါလီ(၁၄)ဦးဖမ်းမိ
မင်းလှ ဖေဖော်ဝါရီလ (၂၀)
ကွေးတိုင်းဒေသကြီး၊‌မင်းလှမြို့နယ် ရေနံမ နယ်မြေစခန်းအရှေ့မြောက်ဘက်၂၀မိုင်ခန့် ပုသိမ်မုံရွာကားလမ်းမိုင်တိုင်(၂၁၉/၃)ယုဇနလမ်းပေါက်အနီးမှာဖေဖော်ဝါရီလ ၁၉ရက်နေ့ မနက် ၄နာရီအချိန့်ခန့်က အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာ​ေသာဘင်္ဂါလီ(၁၄)ဦး ဖမ်းဆီး ရမိကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှသိရသည်။
အဆိုပါဖမ်းမိရာတွင် ကျား၁၂ဦး၊မ၂ဦးဖမ်းဆီးရမိကြောင်းသိရသည်။
ရေနံမနယ်မြေစခန်းမှူးရဲအုပ်အောင်မင်းဦးရဲ့ ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်လာနိင်ကြောင်း တင်ပြချက်အရ မင်းလှမြို့နယ်ရဲတပ်ဖွဲ့ ဒုမြို့နယ်ရဲမှူး ဒုရဲမှူးကြည်စိုးဦးဆောင်တဲ့ရဲတပ်ဖွဲ့ ကင်းလှည့်ရှာဖွေစဥ်ဖမ်းဆီးရမိကြောင်းသိရသည်။
ဖမ်းဆီးရမိသူများမှာ ဟာဘီဒူလာ(၁၈)နှစ်၊ ဖိုင်ဒူလာ(၁၇)နှစ် ကျောက်တော်မြို့နယ ် တောင်ထောင်ဟာယာကျေးရွာ၊ ခါလာချေ(ခ)ရှိင်းမောင်(၁၅)နှစ်၊ အာမွတ်‌ဆော်ဝါး(ခ)ခင်မောင်စိုး(၁၅)နှစ် ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာ၊ ဆာဒီဟူဆင်း(ခ)ကျော်ကျော်(၁၄)နှစ်၊မာမွတ်နာ‌
ဆေး(ခ)မောင်မောင်ထွန်း၁၃နှစ်၊ ဆွေ့ယော့မာမွတ်(၁၂)နှစ်၊ မင်းပြားမြို့နယ် ဆတ်ကြာကျေးရွာ၊ အီစ္စမိုင်(ခ)ကျော်နိုင်(၁၅)နှစ်ကျောက်တော်မြို့နယ် ပိုက်သည်ကျေးရွာ၊ဆွန်ဂျူအာလောင်(ခ)သိန်းရွှေ(၁၇)နှစ်၊ မာရရှစ်(၁၄)နှစ်ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာ၊ မာမွတ်ရော်ဖီ(၁၆)နှစ်၊ မအာဂျီတာ‌နေဆား(ခ)မမာချို(၁၄)နှစ်ကျောက်တော်မြို့နယ် ပေါက်တောပလ္လင်ကျေးရွာ၊ မာမွတ်ဟူဆိမ်း(ခ)ကံမောင်(၁၅)နှစ် စစ်တွေမြို့နယ် ဆပ်ပလီကျေးရွာတို့မှ ဖြစ်ကြောင်း ရေနံမနယ်မြေရဲစခန်းက သိရသည်။ရခိုင်ပြည်နယ်အတွင်းမှ တရားမဝင်ရောက်ရှိလာ သည့် ဘင်္ဂါလီ(၁၄) ဦးကို မင်းလှမြို့မရဲစခန်းကို ခေါ်ဆောင်စစ်ဆေးပြီး ၁၉၄၉မြန်မာနိုင်ငံအတွင်း နေထိုင်သူမှတ်ပုံတင်အက်ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်လျှက်ရှိကြောင်း မင်းလှမြို့နယ်ရဲ တပ်ဖွဲ့ မှတာရှိသူထံမှသိရသည်။
သတင်း ဇာမဏီ
လက်လုပ်သေနတ်ဟုယူဆရသော လက်နက်၁ခု မကွေးအနီး ဧရာဝတီမြစ်ကမ်းစပ်တွင်တွေ့ရှိ
မကွေး ဖေဖော်ဝါရီ ၂၀
ဖေဖော်ဝါရီလ ၂၀ရက်နေ့ နေ့လယ် ၁နာရီ၁၅ မိနစ်အချိန်ခန့်ကမကွေးမြို့ အနီး ဧရာဝတီမြစ်ကမ်းစပ်တွင် ငါးမျှားနေစဥ် လက်လုပ်သေနတ်ဟု ယူဆရသော လက်နက်၁ခုတွေ့ရ၍ သက်ဆိုင်ရာ မြို့မရဲစခန်းသို့ အပ်နှံထားကြောင်း သိရသည်။
မကွေးမြို့ မြို့ဟောင်းရပ်ကွက် ဖောင်တော်ဦး ဘုန်ကြီးကျောင်းအနီးဧရာဝတီမြစ်ကမ်းစပ် တွင် နံကပ်ကျွန်းကျေးရွာအုပ်စု ချမ်းမြေ့သာယာရပ် နေ ကိုကျော်မြင့်ထွန်းခေါ်ဘိုမြင့် အသက်(၂၈) နှစ်က ငါးမျှားနေစဥ် ကမ်းစပ်သောင်ပြင်မှာ တပိုင်းတစပေါ်နေတဲ့ သံချေးတက် ဟောင်းနွမ်း နေတဲ့ ၁ထောင့်ထိုး လက်လုပ်သေနတ ် ပြောင်းတ်ို(အသုံးပြုမရ) ကို မြင်တွေ့ရလို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အပ်ခဲ့ကြောင်းသိရသည်။
လက်လုပ်သေနတ်လို့ယူဆရတဲ့ ပစ္စည်း၁ခုကို တွေ့ရှိတဲ့အတွက် ကိုကျော်မြင့်ထွန်းက မကွေးမြို့မရဲစခန်းကို အပ်ပါတယ်၊ အခု မြို့မရဲစခန်းမှာ ခေတ္တသိမ်းဆည်းထားပါတယ်၊ ဆက်ပြီးတော့ မကွေး တပ်မ၈၈လက်အောက်ခံ ၉၁၀စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအေးမင်းအောင်ကို ဆက်သွယ်ပြီး အပ်နှံသွားဖို့ စီစဥ်ဆောင်ရွက်နေပါတယ်လို့ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်က ရဲအုပ်သန့်စင်ထွန်းက ပြောသည်။
သတင်း ဇာမဏီ
မကွေးမြို့တွင် (၇၂)နှစ်မြောက် ချင်းအမျိုးသား နေ့အခမ်းအနားကျင်းပ
မကွေး ဖေဖော်ဝါရီလ ၂၀
မကွေးမြို့ခရိုင်အားကစားကွင်းတွင် ဖေဖောဝါရီ(၂၀)ရက်၊နံနက်ပိုင်းက(၇၂)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပခ့ဲသည်။
အဆိုပါ အခမ်းအနားကျင်းပနိုင်ရန်အတွက် မကွေးတိုင်းအစိုးရအဖွဲ့မှကျပ်သိန်း(၂၀၀) ထောက်ပံ့ကြောင်းသိရသည်။
မကွေးတိုင်းအတွင်းရှိ(၂၅)မြို့နယ်ထဲကမြို့နယ်ပေါင်း(၁၆)ခုမှာချင်းလူမျိုးများနေထိုင်ကြသဖြင့် သွာရေးလာရေးလွယ်ကူအဆင်ပြေသည့် မကွေးမြို့မှာ တိုင်းအဆင့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပခြင်း ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှချင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးလှထွန်းကပြောသည်။
ယခင်ကချင်းအမျိုးသားနေ့အခမ်းအနားများကို
မကွေးတိုင်းတွင် ကိုယ့်အစီအစဉ်​ဖြင့်ကိုကျင်းပ ခဲ့ကြတာဖြစ်သော်လည်း လက်ရှိအစိုးရတာဝန် ယူချိန်မှာ စတင်ကာ မကွေးတိုင်းဒေသကြီး အတွင်းတိုင်းအဆင့်ချင်းအမျိုးသား နေ့အခမ်းအနားများကိုစည်ကားသိုက်မြိုက်စွာ
ကျင်းပခ့ဲတာ (၄)ကြိမ်းမြောက်ရှိပြီဖြစ်ကြောင်း သိရသည်။အခုလိုကျင်းပနိုင်တဲ့အတွက်လည်းချင်းလူမျိုးတွေအနေနဲ့ဂုဏ်ယူ၊ပျော်ရွှင်ရပါတယ်လို့ ကျောက်ထုမြို့မှချင်းအမျိုးသားကိုရှိန်းစေ ကပြောသည်။
မကွေးမြို့တွင်ပြုလုပ်သည့်တိုင်းဒေသကြီး အဆင့် (၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားတွင်ချင်းအမျိုးသားနေ့အခမ်းအနား ကိုပေးပို့သော သဝဏ်လွှာများကိုတာဝန်ရှိသူ များက ဖတ်ကြားခြင်းချင်းရိုးရာ အကအလှ ဖျော်ဖြေရေးများဖြင့်ဖျော်​ဖြေခြင်း ချင်းတိုင်းရင်းသားကျောင်းသား ကျောင်းသူများထဲမှ ထူးချွန်ကျောင်းသားများ နှင့် အားကစားပြိုင်ပွဲများမှာထူးချွန်သူများကို ဆုများချီးမြှင့်ပေးခ့ဲသည်။
မကွေးတိုင်းအတွင်းမှာအရှို၊တောင်သား၊အုတ်ရှု၊မွန်၊ဒိုင်၊ဖဏန်း၊ဖတူ၊ရင်ဒူး(ဒိုင်)၊မရန်၊ဇိုသုန်၊ဟားခါး၊ဖလန်း၊တီးတိန်​စသည့်
ချင်းအမျိုးနွယ်တွေနေထိုင်ကြပြီးအရှိုချင်းတွေကတော့များဆုံးနေထိုင်ကြောင်းသိရသည်။
မကွေးတိုင်းအတွင်းနေထိုင်သူလူဦးရေ(၄)သိန်းကျော်မှာချင်းလူမျိုး(၁)သိန်းကျော်ရှိကြောင်းသိ ရသည်။
သတင်း ဇာမဏီ
မြို့သစ်မြို့နယ်အတွင်းရှိ အသက်(၆)လမှ(၂၃)လအတွင်းဖြည့်စွက်စာ ကျွေးခြင်းအလေ့အထများအပေါ် မိခင်များ၏ အစာ စားသုံးမှုပုံစံများမှ လွှမ်းမိုးမှုရှိခြင်းကို လေ့လာခြင်းပြုလုပ်
မြို့သစ်မြို့နယ်အတွင်းရှိ အသက်(၆)လမှ(၂၃)လအတွင်းဖြည့်စွက်စာ ကျွေးခြင်းအလေ့အထများအပေါ် မိခင်များ၏ အစာ စားသုံးမှုပုံစံများမှ လွှမ်းမိုးမှုရှိခြင်းကို လေ့လာခြင်းပြုလုပ်
သတင်း ကိုရဲ(မကွေး)
တည်းဖြတ် မျိုးမင်း
သတင်း ကိုရဲ(မကွေး)
တည်းဖြတ် မျိုးမင်း
မကွေးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြု စီမံကိန်းမြို့နယ်ရွေးချယ်ရာမှာ ငဖဲမြို့နယ်က ပထမဦးစားပေးအနေနဲ့ရွေးချယ်ခံရ
မကွေးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြု စီမံကိန်းမြို့နယ်ရွေးချယ်ရာမှာ ငဖဲမြို့နယ်က ပထမဦးစားပေးအနေနဲ့ရွေးချယ်ခံရ
Tuesday, February 18, 2020
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၁ ၊ ၂၀၂၀ ၊ဖေဖော်ဝါရီလ (၁၅ - ၂၉)ရက်ထွက် ဂျာနယ်ကို ၂၀၂၀၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှာ ဖြန့်ချိထားပါသည်။ အနယ်နယ်အရပ်ရပ်မှ စာဖတ်သူများ၊ စာရေးသူများ အတွက် ၂၄ မျက်နှာလုံး တင်ပေးထားပါသည်။
အနယ်နယ်အရပ်ရပ်မှ စာဖတ်သူများ၊ စာရေးသူများ အတွက် ၂၄ မျက်နှာလုံး တင်ပေးထားပါသည်။
အထူးသတင်းများ 
ကိုရိုနာဗိုင်းရပ်(စ်) ဖြစ်ပွားမှုကြောင့် မကွေးတိုင်းမှတရုတ်သို့တင်ပို့ မည့် သီးနှံများ အရောင်းအဝယ်မရှိ၍ ကုန်သည်များ အခက်ကြုံ….. စာမျက်နှာ- ၁၀
 (၁) မင်းဘူးခရိုင်တရားရုံးမှာ လျော်ကြေးတောင်းတဲ့ အမှုတွင် မကွေးတိုင်းဝန်ကြီးချုပ် သက်သေထွက်ဆိုခဲ့     စာမျက်နှာ - ၁၁
(၂) စလင်းမြို့နယ်တွင် ကြက်ပွဲနှင့် ဖဲဝိုင်းလောင်းကစားပြုလုပ်သူများဖမ်းဆီးရမိ။ စာမျက်နှာ - ၆
(၃) ကိုရိုနာဗိုင်းရပ်(စ်) နှင့်ပတ်သက်ပြီး ပြည်သူတွေ ထိတ်လန့်စေမဲ့ ကောလဟာလများ လူမှုကွန်ရက်မှာ မရေးသားကြဖို့ မကွေးတိုင်း ဆေးရုံအုပ်ကြီးမေတ္တာရပ်ခံ စာမျက်နှာ-၁၂
(၄) ဗဟိုအဆင့် မြန်မာစာစွမ်းရည် ပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ်၊ ကုန်းသောင်ကျေးရွာမှ ပထမဆုရခဲ့သူ မဇူးဇူးအောင်……..                                                            စာမျက်နှာ -၆     
(၅) ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်…..           စာမျက်နှာ ၅
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : https://www.facebook.com/Myaylatt-Daily-200456737190562