Wednesday, January 8, 2020

မင်းဘူးမြို့တွင် ဘင်္ဂါလီလူမျိုး(၁၀)ဦးဖမ်းဆီးရမိ


မင်းဘူး ဇန်နဝါရီလ (၈)
မင်းဘူးမြို့တွင် ဘင်္ဂါလီလူမျိုး(၁၀)ဦးဖမ်းဆီးရမိကြောင်း မင်းဘူးမြို့မရဲစခန်းမှသိရသည်။
ဇန်နဝါရီလ(၈)ရက် နံနက်(၅)နာရီခွဲအချိန်တွင် မင်းဘူးမြို့နယ် ထောက်ရှာပင်ကျေးရွာအုပ်စု ကွဲျသိုးမြှောက်ကျေးရွာအနီး ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်းရှိ တိုးဂိတ်၌ မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်ဇင်လင်းထိုက်ဦးစီးသောအဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မြို့ဝင် ထွက်ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် ယာဉ်အမှတ်-----Probox အနက်ရောင် အားစစ်ဆေးရန်ရပ်တန့်စဉ် စစ်ဆေးမခံဘဲ မင်းဘူးမြို့ဘက်မှ မကွေးတိုင်းဒေသကြီးမင်းလှမြို့ဘက်သို့ပြန်ကွေ့မောင်းနှင့်သွားသဖြင့် လိုက်လံစစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်မှာ မင်းလှမြို့ဘက်သို့မောင်းနှင်သွားပြီး (၆)ဖာလုံံခန့်အကွာရှိ ကွဲျသိုးမြှောင်ကျေးရွားအနီး မင်းဘူး-မင်းလှကားလမ်းဘေး၌ အဆိုပါမော်တော်ယာဉ်ပေါ်မှချထားခဲ့သည့် ဘင်္ဂါလီလူမျိုးများဖြစ်သော ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ကျား(၂)ဦး မ(၂)ဦး ကျောက်တော်မြို့မှ ကျား(၁)ဦး မ(၁) ဦး မင်းပြားမြို့မှကျား(၄)ဦးစုစုပေါင်း(၁၀)ဦးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်းက တိုးဂိတ်မှာစစ်ဆေးဖို့လုပ်တော့ကားကပြန်လှည့်ပြေသွားတယ် ရဲတွေကနောက်ကလိုက်တော့ ဘင်္ဂါလီလူမျိုးတွေကို ချထားခဲ့ပြီး ကားသမားကကားမောင်းထွက်ပြေးသွားတယ် ကားကိုတော့မမိသေးဘူး ဘင်္ဂါလီတွေကို မင်းဘူးမြို့ရဲစခန်းမှူးနဲ့အဖွဲ့က စစ်ဆေးပြီးအရေးယူမှုတွေ ဆောင်ရွက်ဖို့လုပ်နေပါတယ် ဟု နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းကပြောသည်။



ယင်းဖမ်းဆီးရမိသည့် ဘင်္ဂါလီများကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေ (၆)၂ (၆)၃ ဖြင့်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း ဇာမဏီ
  



0 comments:

Post a Comment