Wednesday, January 22, 2020

ပေါက်မြို့နယ်သရက္ကန်ကျေးရွာအနီးရေနံမှော်၌ရေနံတွင်းမီး လောင်မှုဖြစ်ပွား



  ပေါက်  ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်သရက္ကန်ကျေးရွာအနီး
 တရားမဝင်ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းဧရိယာအတွင်း၌ ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ နာရီ အချိန်ခန့်က ပေါက်မြို့နယ် သရက္ကန်ကျေးရွာနေ မြေပိုင် ရှင် ဦးဖိုးခွေး မြေနေရာကို ငှါး ရန်းလုပ်ကိုင်နေသောရေနံကျင်းပိုင်ရှင် ဦးခင်မောင်လွင် မြိုင်မြို့နယ်ဝယ်တောင် (မြောက်)ကျေးရွာနေသူတူး ဖော်နေသော ရေနံကျင်းမှရေနံ၊ဂတ်စ်၊ရေများထွက်နေ စဉ်ရေနံကျင်းတူးဖော်ရာ၌အသုံးပြုသောအင်ဂျင်စက်မှ မီးပွားများလွင့်ထွက်ထိတွေ့ကာမီးစတင်လောင်ကျွမ်းခဲ့ ကြောင်း သိရပါသည်။


  အဆိုပါမီးလောင်မှုဖြစ်ပွားရာ သို့ ပေါက်မြို့နယ်မီးသတ်ဦး စီးဌာမှ မီးသတ်ဦးစီးမှူး ဦး တိုးချိန်နှင့်မီးသတ်တပ်ဖွဲ့ ဝင် များ|မြိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီးမှူး ဦးဇော်
မျိုးအောင်နှင့်မီးသတ်တပ်ဖွဲ့ ဝင်များ၊ရေပြာနယ်မြေမီးသတ်စခန်းမှ မီသတ်တပ်ဖွဲ့ဝင်များ၊
ရေခါးကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်များဒေသခံပြည်သူများနှင့်ပူးပေါင်း၍မီးသတ် ယာဉ်နှင့်ရေသယ်ယာဉ်များ၊ ဖုန်းအမြုပ်ဆေးဗူးများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာဇန်နဝါရီ ၂၂ရက် နံနက်၁၁နာရီမိနစ် ၃၀အချိန်ခန့်ကမီးငြိမ်းသွား ကြောင်း သိရသည်။


 အဆိုပါမီးလောင်မှုကြောင်းရေနံစိမ်းဂါလံ၂၀၀၀ခန့်၊ဂျင် ဒေါင်းအင်ဂျင်စက်၂လုံးပျက်စီးဆုံးရှုံးကာ ရေနံကျင်းပိုင်ရှင် ဦးခင်မောင်လွင် မြိုင်မြို့နယ် ဝယ်တောင်(မြောက်)ကျေးရွာနေသူသည်တစ်ကိုယ်လုံးမီးလောင်းကျွမ်းကာ(စိုးရိမ်ရ)
ဒဏ်ရာများရရှိခဲ့ပြီးမန္တလေးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသခံနေပြီးမီးပေါ့ဆစွာသုံးစွဲသူ ဦးခင်မောင်လွင်အား ရေပြာ နယ်မြေရဲစခန်းကအမဖွင့်အ ရေးယူထားကြောင်း သိရပါ သည်။

 ပေါက်မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment