Thursday, January 9, 2020

ကလေးသူငယ်များအတွက် သဘာဝဘေး အန္တ ရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားကျင်းပ


မကွေး ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၀ခုနှှစ် ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၉နာရီအချိန်က မကွေးတိိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး မှ အမှာစကားများ ပြောကြားရာ "ယနေ့အစအစဉ်တွင် ပါဝင်သူများအနေနဲ့ ဘေးအန္တရာယ်ကာကွယ်ရေးအတွေ့အကြုံများနဲ့ အသိပညာများ ကို ရရှိနိုင်စေမှာဖြစ်ပါတယ် ကျောင်းသား/ ကျောင်းသူ များအနေနဲ့ ယနေ့ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် လုပ်ငန်းအဆင့်ဆင့်ကိုပြီးဆုံးအောင်လေ့လာပြီး ရရှိလာတဲ့ အတွေ့အကြုံ ဗဟုသုတတွေကို ထပ်ဆင့်မျှဝေ ဆောင်ရွက်ရင်း မိမိနဲ့ မိမိမိသားစု မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ နိုင်ငံ့သားကောင်း သမီးကောင်းများဖြစ်ကြပါစေ "စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးးမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်တွင်ပါဝင်မည့် ကျောင်းသား/ကျောင်းသူများမှ နေရာယူူခြင်း၊ ကျောင်းသား/ ကျောင်းသူများကို ဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်း ပြသခြင်း၊ မီးသတ်ဦးစီးဌာနတာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများပူးပေါင်း ပါဝင်သည့် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် စတင်ဆောင်ရွက်ကြသည်။
ထို့နောက်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးမှ သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်ဆောင်ရွက်မှု အားနည်းချက် အားသာချက်များကို သုံးသပ်ဆွေးနွေးမှာကြားခြင်း၊ မီးသတ်ဦးစီးဌာနမှခင်းကျင်းပြသထားသည့် ခောတ်မှီ မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ယန္တယားများနှင့် အထောက်အကူပြုပစ္စည်များအား လှည့်လည်ကြည့်ရှုခြင်း တို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးအစရှိသည့် ရည်မှန်းချက်တာဝန် (၄)ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်းနှင့် ယနေ့အခမ်းအနားသို့တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ကျောင်းသား/ကျောင်းသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment