Wednesday, January 8, 2020

ပွင့်ဖြူမြို့နယ်၌ အရက်မူးကာ တစ်ရွာတည်းသားအချင်းချင်း ရန်ငြှိုးရန်စမရှိဘဲ လူသတ်မှုဖြစ်ပွား




ပွင့်ဖြူ       ဇန်နဝါရီ       
            မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စု ၊ ရှားတောကျေးရွာတွင် ဇန်နဝါရီ ၇ ရက် ၊ ည ၇ နာရီအချိန်ခန့်က အရက်မူးပြီး တစ်ရွာတည်းသားအချင်းချင်း ရန်ငြှိုးရန်စမရှိဘဲ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲကင်းစခန်းမှ သိရသည်။ 

            ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် ၊ ည ၇ နာရီအချိန်ခန့်က ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စု ၊ ရှားတောကျေးရွာနေ ကိုဇော်ဦး သည် လယ်တောမှ ကုလားပဲစိုက်ခင်းအား ဆေးပက်ပြီးပြန်လာပြီး နေအိမ်၌ထမင်းစားနေစဉ် တစ်ရွာတည်းနေ မန်းကျော် (ခ) ကျော်နိုင်ဝင်း ဆိုသူ အရက်မူးကာ နေအိမ်ရှေ့သို့ရောက်ရှိလာပြီး ကိုဇော်ဦးအား ရန်ငြှိုးရန်စမရှိဘဲ မင်းမိုက်ရင်ထွက်ခဲ့ ဟု လှမ်းခေါ်သဖြင့် ၎င်းက နေအိမ်ရှေ့သို့ထွက်သွားခဲ့ရာ မန်းကျော်(ခ)ကျော်နိုင်ဝင်းက အသင့်ယူလာ သော ဓါးဖြင့် ကိုဇော်ဦး အား တစ်ချက်ထိုး၍ ထွက်ပြေးသွားခဲ့ပြီး ၊ ကိုဇော်ဦး၏ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိသဖြင့် ဇနီးဖြစ်သူ မဉမ္မာစိုး က ပတ်ဝန်းကျင်အား အကူအညီတောင်းကာ ခင်ပွန်းဖြစ်သူအား မကွေးဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

            အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူ မဉမ္မာစိုး က လာရောက်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲကင်းစခန်းမှ ပြစ်မှုကျူးလွန်သူ မန်းကျော်(ခ)ကျော်နိုင်ဝင်း အား (ပ) ၇/၂၀၂၀ ၊ ရာဇသတ်ကြီး ဉပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
  ရဲဝင်းနိုင် ( ညောင်ဦး )


0 comments:

Post a Comment