မင်းဘူး ၊ ဇန်နဝါရီ
၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်
၊ အမှတ်(၄)ရပ်ကွက် တွင် တံမြက်စည်း လုပ်ငန်း လုပ်ကိုင်ပြီး ဒေသ အနှံ့ နေ့စဉ် တင်ပို့ရောင်းချ
ခြင်းဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိ ကြောင်း ပိုင်ရှင် ဦးမင်းဇော် ထံမှ သိရသည်။
တံမြက်စည်း လုပ်ငန်း လုပ်ကိုင်ရာတွင် မြက်ထုံး
၊ ဝါး ၊ ပိုက်ကြိုးတို့ကို အသုံးပြုရပြီး ဝါးတစ်ထောင်စည်း တစ်စည်းလျှင် (၁)သိန်းကျပ်
၊ မြက်ထုံး (၁)စည်းလျှင် ရှစ်ထောင်ကျပ် ၊ ပိုက်ကြိုး တစ်ငင်လျှင် ငါးရာကျပ် ပေးဝယ်ရ
ကြောင်းနှင့် တံမြက်စည်း အတို တစ်ချောင်းလျှင်
(၈၀၀)ကျပ် ၊ အရှည် တစ်ချောင်းလျှင် (၁၅၀၀) ကျပ် ရောင်းချရ ပြီး မင်းဘူးဈေး၊ မကွေးဈေး
၊ မိတ္ထီလာ ၊ လွှိုင်ကော် နှင့် အခြား ဒေသများသို့ လည်း တင်ပို့ပေးရကြောင်း သိရသည်။
တံမြက်စည်း အရေအတွက် တစ်နေ့လျှင် အချောင်းရေ
၁၆၀၀ ခန့် ပြီးစီးကြောင်း အလုပ်သမား အယောက် ၂၀ အလုပ်ပေးထားနိုင်ကြောင်း လုပ်အားခကတော့
တစ်မြက်စည်း တစ်ချောင်းလျှင် ၅၀ ကျပ် ပေးရကာ တစ်မြက်စည်း အရေအတွက်ပေါ် မူတည်၍ လုပ်အားခ
ရှင်းပေးရသည်။ တံမြက်စည်းလုပ်ငန်း လုပ်ကိုင် ရောင်းချခြင်းကြောင့် မင်းဘူးမြို့ အမှတ်
(၄) ရပ်ကွက် ဒေသခံ များ အား အလုပ်အကိုင် ပေးထားနိုင်ကြောင်းနှင့် မိမိလုပ်ငန်းလည်း
အဆင်ပြေကြောင်း လုပ်ငန်းပိုင်ရှင် ဦးမင်းဇော် ထံမှ သိရှိရသည်။
ဇေယျာထက်(မင်းဘူး)
0 comments:
Post a Comment