Thursday, January 9, 2020

ပေါက်မြို့နယ်သရက္ကန်ကျေးရွာရေနံမှော်၌ရေနံတွင်းမီး လောင်မှုဖြစ်ပွား


 ပေါက်မြို့နယ်သရက္ကန်ကျေးရွာရေနံမှော်၌ရေနံတွင်းမီး လောင်မှုဖြစ်ပွား

  ပေါက်  ဇန်နဝါရီ ၈ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်သရက္ကန်ကျေးရွာအနီး တရားမဝင်ရေနံလက်
ယက်တွင်းတိမ်လုပ်ငန်းဧရိယာအတွင်း၌ ဇန်နဝါရီ ၈ ရက် နေ့လည်၂နာရီ အချိန်ခန့်က ပေါက်မြို့နယ် သရက္ကန်ကျေး ရွာနေ မြေပိုင်ရှင် ဦးသန်းမြင့် မြေနေရာကို ငှါးရန်းလုပ်ကိုင် နေသောရေနံကျင်း ပိုင်ရှင် ဦးစိုင်းအိုက်စာ ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ခမ်းမြို့နေသူ
၏ ရေနံကျင်း မီးလောင်ကျွမ်း ခဲ့ကြောင်း သိရပါသည်။

  အဆိုပါမီးလောင်မှုဖြစ်ပွားရာ သို့ ပေါက်မြို့နယ်မီးသတ်ဦး စီးဌာမှ မီးသတ်ဦးစီးမှူး ဦး တိုးချိန်နှင့်မီးသတ်တပ်ဖွဲ့ ဝင် များ|မြိုင်မြို့နယ်မီးသတ်ဦးစီး
ဌာနမှမီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့်မီးသတ်တပ်ဖွဲ့ ဝင်များ၊ရေပြာနယ်မြေမီးသတ်
စခန်းမှ တပ်ဖွဲ့ဝင်များ၊ရေခါးကျေးရွာအရန်မီး
သတ်တပ်ဖွဲ့ဝင်များဒေသခံပြည်သူများနှင့်ပူးပေါင်း၍မီး သတ်ယာဉ်နှင့်ရေသယ်ယာဉ် များ၊ဖုန်းအမြှုပ်ဆေးဗူးများဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ
မီးဆက်လက် လောင်ကျွမ်းနေကြောင်း ပေါက်မြို့နယ်မီး
သတ်ဦးစီးဌာနမှ ဦးဟိန်းသူ၏ပြောပြချက်အရ သိရသည်။
 ပေါက်မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment