Friday, January 17, 2020

မင်းဘူး(စကု)မြို့နယ်၊ မောင်းမကန်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ



မင်းဘူး          ဇန်နဝါရီ        ၁၇              
မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန နှင့် အခြားမိတ်ဖက်ဌာနများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက မင်းဘူး(စကု)မြို့နယ်၊ မောင်းမကန်ကျေးရွာ၊ ဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

          ရှေးဉီးစွာ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း က အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်က ကျေးလက်ဒေသဖွံ့ဖြိုးရေး စကားဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်းက ဉီးဆောင်ဆွေးနွေးရာ ကျေး လက်နေ ပြည်သူများမှ မိမိတို့ ကျေးရွာလိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်နှင့် ရပ်ရွာပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှသာ ကျေးရွာဖွံ့ဖြိုးတိုးတက်မည်ဖြစ် ပါကြောင်း၊ ဆွေးနွေးပွဲစကားဝိုင်းတွင် အပြုသဘောဆောင်သည့် ဆွေးနွေးချက်များကို ပူးပေါင်း ပါဝင် ဆွေးနွေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။ 

အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊   ခရိုင်ပြန်/ဆက်ဉီးစီးဌာန ဉီးစီးအရာရှိ၊ မြို့နယ်မီးသတ်ဉီးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ မွေးမြူရေးနှင့် ကုသ ရေးဉီးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဉီးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက် လာသူများ၏ မြေယာပိုင်ဆိုင်မှု၊ အငြင်းပွားမှုကိစ္စရပ်များ၊ ဆရာ/ဆရာမ ခန့်ထားပေးနိုင်ရေး၊ ဆည်မြောင်းရေရရှိရေး၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများနှင့် အခြားကျေးလက်ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်နှင့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊  ဌာနဆိုင်များမှ တာဝန် ရှိသူများ၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မောင်းမကန်ကျေးရွာ အုပ်စုအတွင်းမှ ကျေးလက်နေပြည်သူများ    တက်ရောက် ခဲ့ကြောင်း  သိရှိရသည်။
          ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment