မင်းဘူး၊ ဇန်နဝါရီလ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းရုံး ၌ ဓမ္မပူဇာ သဘင်
အထူတရားပွဲ ကို နယ်လှည့်သာသနာပြု ဓမ္မကထိက ဆရာတော် (၁၄)ပါးဖြင့် ၁၇-၁-၂၀၂၀ ရက်နေ့မှ
၃၁-၁-၂၀၂၀ ရက်နေ့ထိ ည(၇)နာရီ မှ (၁၀) နာရီထိ (၁၅) ည တိုင်တိုင် အထူးတရားပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
မင်းဘူးမြို့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း တရားပွဲတွင် ဓမ္မကထိက
ဆရာတော် တစ်ပါးလျှင် ဓမ္မာပူဇာ အလှူတော်ငွေ (၈)သိန်း ကျပ် လှူဒါန်း သွားမည်ဖြစ် ပြီး
အလှူရှင်များ ရှိလျှင်လည်း ဆရာတော်များကို ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းဆပ်ကပ် နိုင်ကြောင်း နှင့် အထူးတရားပွဲ
သို့ မြို့ပေါ် ရပ်ကွက်များအပြင် အနီးကျေးရွာ များ ဖြစ်သည့် တပင်ရွာ ၊ ကျောက်တန်း ၊
ကန်ရေ ၊ ကုန်းသာ ၊ မန်းကျိုးရွာ အစရှိသည့် ကျေးရွာများသို့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ကြီးမှ ကားများ ဖြင့်
အကြို / အပို့ ပြုလုပ်ပေး ကြောင်း အသင်း ဉက္ကဌ
ဦးသောင်းဟန်ထံမှ သိရှိရသည်။
ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကြီးကို အကျိုးတော်ဆောင်
(၂၉) ဦးဖြင့် ဖွဲ့စည်းထားပြီး အသင်းကြီးမှ မင်းဘူး ဆေးရုံကြီးအတွက် အများပြည်သူ လှူဒါန်းငွေများဖြင့်
အောက်ဆီဂျင် ဓါတ်ငွေ့ လှူဒါန်းခြင်း ၊ မီးသဂြိုဟ် စက်အတွက် ထရန်စဖော်မာ တည်ဆောက်ပြီး
လျှပ်စစ်မီးသွယ် တန်းသွားမည်ဖြစ်ကြောင်း အကျိုးတော် ဆောင် များ ထံမှ သိရှိရသည်။
ဇေယျာထက်
( မင်းဘူး )
0 comments:
Post a Comment