မင်းဘူး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့တွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရေးရန် အတွက် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်
ခရိုင်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်
လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မင်းဘူးမြို့ စည်ပင်သာယာဈေးအနီးရှိ
ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်မီးသတ်ဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးထွန်းထွန်းက
မီးစတင် လောင်ကျွမ်းပုံ၊ မီးသတ်ဆေးဗူးအသုံးပြုပုံများကို ပြောကြားခဲ့ပြီး ကျေးဇူတင်စကား
ပြောကြား ခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်မီးသတ်ဉီးစီးဌာနမှ မီးသတ်ယာဉ် လေးစီးတို့မှ
မင်းဘူးမြို့မ ဈေးအားကြီး လက်တွေ့ပက်ဖျက် သရုပ်ပြပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment