Saturday, January 4, 2020

မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကျင်းပမှုကို ကြည့်ရှု့လေ့လာရန် မကွေးမြို့ နေခြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်


မကွေး ဇန်နဝါရီ ၃
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို ဇန်နဝါရီလ ၃ ရက် ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ လွှတ်တော်အစည်းအဝေးသို့ မကွေးမြို့ နေခြည် ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၈၅)ဦးတို့ လွှတ်တော်အစည်းအဝေး ကျင်းပမှုကို ကြည့်ရှု့လေ့လာရန် တက်ရောက်ခဲ့ကြောင်း သိရသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(၉)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့သည်။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက လွှတ်တော်သို့ဖတ်ကြား တင်သွင်းခဲ့ရာ အစီရင်ခံစာနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ လွှတ်တော် အစည်း အဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော် ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဉက္ကဋ္ဌက ကြေညာခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏ နယ်မြေကွင်းဆင်းလေ့လာ စိစစ်တွေ့ရှိချက် အစီရင်ခံစာကို ကော်မတီအတွင်း ရေးမှူး၊ မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်း ရည်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ အစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်း တင်ထားရှိမည် ဖြစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးတာ၊ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူ များက အစည်းအဝေးပြီးဆုံးချိန်အထိ ကြည့်ရှု့လေ့လာလာခဲ့ကြောင်းနှင့် ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီး လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment