Saturday, January 4, 2020

မကွေးမြို့ တိုင်းဒေသကြီးအားကစားကွင်းတွင်(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲကျင်းပ



မကွေး ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး မကွေးမြို့ တိုင်းဒေသကြီးအားကစားကွင်း၌ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့နံနက် ၄ နာရီမိနစ်၂၀ မိနစ်က ကျင်းပခဲ့ပြီး သဝဏ်လွှာ ဖတ်ကြားပွဲ အခမ်းအနားကို နံနက် ၇ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ နိုင်ငံတော် အလံတင်အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ဂုဏ်ပြုတပ်ဖွဲ့နှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများ တက်ရောက် အလေးပြုခဲ့ကြသည်။

 ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် ၂၀၂၀ ခုနှစ်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားပွဲ အခမ်းအနားကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ ပေးပို့သော လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဌဦးတာ၊ ဒုဥက္ကဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ် ဦးဆန်းလင်း၊ တရားသူကြီးချုပ်ဦးစိန်ထွန်း၊ စာရင်းစစ်ချုပ်ဦးလှသန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊နိုင်ငံရေးပါတီများ၊ပညာရေးကောလိပ်မှ သင်တန်းသား သင်တန်းသူများ၊သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားတွင် မကွးခရိုင်ပြန်/ဆက်ဦးစီးဌာနမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment