မင်းဘူး ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ
မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဓမ္မတေးပူဇော်ပွဲနှင့် နိုင်ငံကျော်အဆိုတော်များ၊
Myanmar Idol Season (4) ဆုရ အဆိုရှင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဂီတဖျော်ဖြေရေးတွင်
၂၈-၁-၂၀၂၀ ရက်နေ့၌ နိုင်ငံကျော်တေးသံရှင် အဆိုတော် ဒေါ်မာမာအေး ၊ စိုးစန္ဒာထွန်း ၊
ဗညားဟန် ၊ ရန်ပိုင်စိုး တို့နှင့်အတူ Myanmar Idol Season (4) ဆုရတေးသံရှင် အက်စတာ၊
အေးမြဖြူတို့မှ ဖွင့်ပွဲလာ ဘုရားဖူး မိဘပြည်သူများအား ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မသဘင်တွင်လည်း
၂၉-၁-၂၀၂၀ ရက်နေ့ ညတွင် သီတဂူဆရာတော်ဘုရားကြီး
အရှင်ဉာဏိဿရ မှ လည်းကောင်း၊ ၃၀-၁-၂၀၂၀ ရက်နေ့ ညတွင် ရွှေရတုတိပိဋက မြင်းမူဆရာတော်ဘုရားကြီးမှ
လည်းကောင်း၊ ၃၁-၁-၂၀၂၀ ရက်နေ့တွင် အမေရိကန်ဆရာတော် မှ လည်းကောင်း ဘုရားဖူးလာ မိဘပြည်သူများအား
တရားရေအေးများ တိုက်ကြွေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
အဆိုပါ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို
တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း
သိရှိရပါသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment