Friday, January 17, 2020

မင်းဘူးမြို့နယ်၊ ဇီးဖြူကုန်းရွာ၊ ဈေးဆိုင်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား




မင်းဘူး          ဇန်နဝါရီ        ၁၆
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ထိန်တောအုပ်စု၊ ဇီးဖြူကုန်းရွာ၊ မင်းဘူး-မင်းလှ ကားလမ်းဘေးရှိ ဈေးဆိုင်ခန်းတစ်ခုတွင် ယမန်နေ့ ညနေ ၆ နာရီ မိနစ် ၄၅ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးမှူးရုံးမှ သိရှိရသည်။
          မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဉီးစီးမှူးဉီးစိန်ထွန်း ခေါင်းဆောင်သော သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်(၁၄)ဉီး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ ထောက်ရှာပင် နယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် တပ်ဖွဲ့ဝင်(၆)ဉီး၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ နေပြည်သူများ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ မိနစ် ၂၅ ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။၊
မီးလောင်မှုကြောင့် ဉီးဌေးလှိုင်(ဘ)ဉီးအေးဝေ၊ အလုပ်အကိုင် ကျဘမ်း၏( ၁၅ X ၁၅ )ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ဈေးဆိုင်ခန်း အဆောက်အဉီ တစ်လုံး၊ ဆုံးရှုံးမှုတန်ဖိုး (၅၀,၀၀၀)ကျပ်ခန့် ဆုံးရှုံးပြီး လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဉီးဌေးလှိုင်ကို မင်းဘူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment