Friday, January 3, 2020

လိမ်ညာ ခိုးဝှက်တာများရှိပါက အားမနာတမ်း ပြစ်တင်ဆုံးမကြပါဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော




မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
4 hrs ·
လိမ်ညာ ခိုးဝှက်တာများရှိပါက အားမနာတမ်း ပြစ်တင်ဆုံးမကြပါဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော
မကွေး ဇန်နဝါရီ ၃
၂၀၂၀ ခုနှစ် နှစ်သစ်တွင် လိမ်ညာခိုးဝှက်မှုများရှိပါက အားမနာတမ်း ပြစ်တင်ဆုံးမပါဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။

" မကွေးတိုင်း ဒေသကြီးရှိ ပြည်သူလူထုအားလုံး
ကိုယ်ကျန်းမာလို့စိတ်ချမ်းသာကြပါ‌စေကြောင်းမင်္ဂလာနှစ်သစ်မှာဆု‌တောင်းလိုက်ပါတယ်၊ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသ‌ရွေ့အလုပ်အ‌‌ေကွျးပြုသွားမှာဖြစ်ကြောင်း၊ လိမ်ညာခိုးဝုက်တာရှိလျှင်လည်းအားမနာတမ်းပြစ်တင်ဆုံးမကြပါ" ဟု ဝန်ကြီးချုပ်က နှစ်သစ်ကူး အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာတို့က (၂၀၂၀)ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။

0 comments:

Post a Comment