Friday, January 17, 2020

မင်းဘူးမြို့တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုန်ပြန့်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ



မင်းဘူး          ဇန်နဝါရီ        ၁၇
           ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုန်ပြန့်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်(Kaeru Caravan)  အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အထက(၁)ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

          အခမ်းအနားကို မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဉီးကျော်ဇေယျက ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဉီးတည်တက်လှမ်း နေချိန်မှာ မီးသတ်ဉီးစီးဌာနဟာ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူအကျိုးပြုဆောင်ရွက်ရေး စတဲ့ ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာ ရေးမှူး ဉီးကြည်လွင်က ကျေးဇူတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။ 

          ဆက်လက်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုန်ပြန့် ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်(Kaeru Caravan) ဂိမ်းကစားနည်း (၉)မျိုးကို အလှည့်ကျ လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး၊ ခရိုင်မီးသတ်ဉီးစီးဌာနမှ ပြသထားသည့် ခေတ်မီ မီးငြှိမ်းသတ်ရေး ရှာဖွေကယ်ဆယ်ရေးယာဉ်၊ ယန္တရားများနှင့် အထောက်အကူပြုပစ္စည်းများအား လှည့်လည် ကြည့်ရှု ပြီး၊  မီးသတ်ဉီးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား/သူများအား လက်တွေ့သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
          အဆိုပါ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုန်ပြန့် ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးဉီးကျော်ဇေယျ၊ ဒုတိယတိုင်းဒေသကြီး မီးသတ် ဉီးစီးမှူး၊ ခရိုင်မီးသတ်ဉီးစီးမှူး အပါအဝင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇၅)ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်(၁၅)ဉီး၊ မြို့နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊  အထက(၁)ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း(၃၀၆)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
          ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment