ပွင့်ဖြူ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး
၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့်
လူနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်း
အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် ၊ ယနေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
ဗိုလ်ဉတ္တမခန်းမ၌ ကျင်းပခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင်
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများမှ
ဒေသခံပြည်သူများအနေဖြင့် ကမ်းပါးပြိုကျမှုအန္တရာယ် ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်း
ဆောင်ရွက်သွားကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြုံတွေ့ ရသည့်အခြေအနေအား
သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ကြစေလိုကြောင်းနှင့်
ထောက်ပံ့ငွေများကိုလည်း အကျိုးရှိရှိ စနစ်တကျ သုံးစွဲသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်
စပ်လျဉ်းပြီး ပြည်သူများ အန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို
ဆွေးနွေးပြောကြားသည်။
၎င်းနောက်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့်
ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ သည့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စု ၊
မြင်းခြံစုကျေးရွာရှိ လူနေအိမ် ၁၂ လုံး နှင့် နန်းတော်ကျွန်းကျေးရွာအုပ်စု ၊ ထူးကျေးရွာရှိ
လူနေအိမ် ၈ လုံး အတွက် လူနေအိမ် တစ်လုံးလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းနှင့်
ဘေးသင့်အိမ်ထောင်စုဝင် ၈၉ ဦးအတွက် စားနပ်ရိက္ခာဆန်ဖိုးငွေကျပ်
၁၈၆၉၀၀ ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၁၈၆၉၀၀ အား ကမ်းပါးပြို ဘေးသင့်သည့် အိမ်ထောင်စုဝင်များထံ
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ရဲဝင်းနိုင်
( ညောင်ဦး )
0 comments:
Post a Comment