မင်းဘူး ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့တွင် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ရာမှ အထည်ဆိုင်နှင့် လျှပ်စစ်ပစ္စည်းဆိုင်တွင်
ယမန်နေ့ ည ၁၂ နာရီ ၁၅ မိနစ် အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း
မြို့နယ်မီးသတ်ဉီးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ
မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်ပင်သာယာစေျးလမ်းရှိ ကိုမိုး(ခ)ကိုအောင်မိုး၊ ၅၇
နှစ်၊ (ဘ)ဉီးသန်းရွှေ ၊ စေျးရောင်း၊ အမှတ်(၃)ရပ်ကွက်၊ မင်းဘူးမြို့ ပိုင်ဆိုင်သည့်
(၄၀x၃၀)အာစီ (၂)ထပ် တိုက်သည် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ
ပစ္စည်းဆုံးရှုံးမှုတန်ဖိုး သိန်း(၅၀)ကျပ်ခန့် နှင့် အဆောက်အဉီ ဆုံးရှုံးမှုတန်ဖိုး
သိန်း(၆၀)ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး ၄င်းတိုက်အိမ်မှ တစ်ဆင့် ယာဘက်ကပ်လျက်ရှိ (၄၀x၆၀)အာစီ
(၁)ထပ်တိုက် သွပ်မိုးအား မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဆောက်အဉီ ဆုံးရှုံးမှုတန်ဖိုးသိန်း(၃၀)ကျပ်ခန့် ဆုံးရှုံးပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး သိန်း(၁၄၀)ကျပ်ခန့်
ဆုံးရှုံးကာ လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိ ပါကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနမှ
သိရသည်။
မီးလောင်မှု့ဖြစ်ပွားမှုကြောင့် မင်းဘူးခရိုင်
ဒုရဲမှူးကြီး ညီဝင်း၊ ရဲမှူးအောင်ကြည်မြင့်နှင့် တပ်ဖွဲ့ဝင်(၃၀) ဉီး၊ မကွေးတိုင်းမီးသတ်ဉီးစီးဌာနမှ
တိုင်းညွှန်ကြားရေးမှူး ဉီးအောင်ဝင်းစိန် နှင့် တပ်ဖွဲ့ဝင်(၃၀) ဉီး၊ မီးသတ်ရေယာဉ် (၅)
စီး၊ မင်းဘူးခရိုင်မီးသတ်ဉီးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဉီးထွန်းထွန်းနှင့် တပ်ဖွဲ့ဝင်
(၂၀) ဉီး၊ မီးသတ်ရေယာဉ် (၆) စီး၊ ထောက်ရှာပင် (ကမ်းနီ)/ မန်းရေနံမြေမှ မီးသတ်ရေယာဉ်
(၄) စီးဖြင့် လည်းကောင်း၊ ရပ်ကွက်နေပြည်သူ လူထု (၂၀၀)ဉီးခန့်တို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း
သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment