Wednesday, January 29, 2020

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် (၂၀၂၀ )ခုနှစ် မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်း အနားစည်ကားသိုက်မြိုက်စွာကျင်းပ


မင်းဘူး ဇန်နဝါရီလ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် (၂၀၂၀ )ခုနှစ် မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်း
အနားအားယနေ့ ဇန်နဝါရီလ (၂၉)ရက်နေ့ နံနက် (၈)နာရီမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မန်းစက်တော်ရာ ရွှေစင်ရွှေသားစက်လက္ခဏာ ပါဒစေတီတော်အား အထက်စက်တော်ရာမှ ပင့်ဆောင်ကာ ပွဲတော်မုခ်ဦးအထိ ထီးဖြူ မိုး၍ ပင့်ဆောင်သည်။
ရွှေစင်ရွှေသားစက်လက္ခဏာ ပါဒစေတီတော် ပွဲတော်မုခ်ဦးရှေ့ရောက်ရှိချိန်တွင် မကွေးမြို့ သံဃာရာမနိကာယ်စာသင်တိုက်ပဓာနနာယက၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ ် ဒေါက်တာအောင်မိုးညိုနှင့်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌဦးတာ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ခင်စော၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတို့မှ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မင်္ဂလာမုဒ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ
ဥာဏိဿဆရာတော်အရှင်သူမြတ်မှ
ပွဲတော်ဖွင့်ပွဲဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ
ဥာဏိဿဆရာတော်အရှင်သူမြတ်မှ
မန်းရွှေစက်တော် အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန် အုပ်ဆောင်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အထက်စက်တော်ရာပါဒစေတီတော်မြတ်ကို ဖွင့်လှစ်ပေးခဲ့သည်။
ခြေတော်ရာဖွင့်ပွဲအကြိုနေ့ (၂၈-၁-၂၀၂၀) ရက်နေ့ညပိုင်းတွင် နိုင်ငံကျော် တေးသံရှင် အဆိုတော်မာမာအေး၊ ရန်ပိုင်စိုး၊ ဗညားဟန်၊ စိုးစန္ဒာထွန်းနှင် Myanmar Idol Season (4) Winner ဆုရှင်အက်စတာ၊ အေးမြဖြူတို့နှင့် နိုင်ငံကျော်တေးသံရှင်များနှင့် မကွေးတိုင်းဒေသခံ အဆိုတော်များက ဖျော်ဖြေဧည့်ခံပေးကြသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ဒေသခံများ လာရောက်ဖူးမျှော်ခဲ့ကြသည်။
(၂၀၂၀) မန်းရွှေစက်တော်ဘုရားပွဲတော် ကိုဇန်နဝါရီလ (၂၉ရက်နေ့မှ) ဧပြီလ(၁၇ရက ်နေ့အထိ) ရက်ပေါင်း(၈၀ကြာအထိ) ကျင်ပသွားမည် ဖြစ်သည်။

သတင်း ဇာမဏီ

0 comments:

Post a Comment