Wednesday, January 1, 2020

မီးအားမြင့်စက်မှမီးအားစောင့်တက်ပြီးဝါယာရှော့ဖြစ်၍မင်းဘူးမြို့စျေးအနီး ဖိနပ် ဘောလုံး၊အားကစားအဝတ်အထည်စတိုးဆိုင် မီးလောင်မှုဖြစ်ပွား




ဒီဇင်ဘာလ(၃၁)ရက်ည(၁၁နာရီ၄၅)မီနစ်အချိန် ခန့်ကမင်းဘူးမြို့အမှတ်(၃)ရပ်ကွက်၊မင်းဘူး-စကုကားလမ်းဘေး၊အင်ကြင်းလမ်းရှိပိုင်ရှင ် ဦးအောင်မိုး(ခ)ကိုမိုး+မခိုင်(ပေ၄၀ ပေ၃၀) အာစီ၂ထပ် ဖိနပ်၊ဘောလုံးအားကစားအဝတ်အထည် စတိုးဆိုင်တွင်မီးလောင်မှု ဖြစ်ပွားကြောင်းမင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှသိရသည်။

အဆိုပါလောင်မှုဖြစ်ပွားရာသို့ခရိုင်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဦးစီး၍သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦး၊မီးငြှိမ်းသတ်ယာဉ်(၅)စီး၊မီးသတ်ရေ ယာဉ်(၃)စီး၊မီးသတ်စက်ယာဉ်(၁)စီး၊အထောက်အကူပြုယာဉ်(၃)စီး၊ထောက်ရှာပင်နယ်မြေမီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၁)စီး၊မီးသတ်ရေယာဉ်(၁)စီး၊စကုနယ်မြေမီးသတ်စခန်းမှမီးသတ်ရေယာဉ်(၁)စီးမန်းရေနံရေယာဉ်(၁)စီးမန်းရေနံမြေမှမီးသတ်စခန်းမှမီးသတ်ရေယာဉ်(၁)စီး၊မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်​​ကြားရေးမှူးဦးအောင်ဝင်းစိန် ဦးစီး၍ သန္ဓေ(၂၅)ဦး၊မီးငြှိမ်းသတ်ယာဉ်(၂)စီး၊formမီးငြှိမ်းသတ် ယာဉ် (၁)စီး၊မီးသတ်ရေယာဉ်(၂)စီး၊လှေကား တင်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊Water Mistမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ပိုလန်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊မင်းလှမြို့နယ်မှဒုဦးစီးဦးဝေဖြိုးအောင်ဦးစီး၍သန္ဓေ(၆)ဦးမီးသတ်ရေယာဉ်(၁)စီး၊စုစုပေါင်းမီး သတ်ယာဉ်(၂၅)စီး၊သန္ဓေ(၁၀၁)ဦးအရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊စုစုပေါင်း(၁၃၁)ဦး၊ထောက်ရှာပင်ကမ်းနီရေနံမြေမီးသတ်တပ်ဖွဲ့မှမီးငြှိမ်ထောက်ရှာပင်ကမ်းနီရေနံမြေမီးသတ်တပ်ဖွဲ့မှမီးငြှိမ်းသတ်ယာဉ်၁စီး၊မန်းရေနံမြေသီးသန့် မီးသတ်တပ်ဖွဲ့မှမီးငြှိမ်းသရေနံမြေသီးသန့်မီးသတ်တပ်ဖွဲ့မှမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ပုဂ္ဂလိက ရေသယ်ယာဉ်(၂)စီး၊တို့ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာည(၂နာရီ၃၀)မီနစ်အချိန်မီးထိန်းနိုင်ပြီးမနက်(၄)နာရီအချိန်မီးငြှိမ်းနိုင်၍ရေဂါလန်(၈၅၀၀၀)၊မီးသတ်ဆေးဘူး(၂)ဘူးအသုံးပြုငြှိမ်းသတ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါမီးလောင်ရခြင်းမှာမီးအားမြင့်စက်မှမီးအားစောင့်တက်ပြီးဝါယာရှော့ဖြစ်၍အနီးရှိအဝတ်အထည်များအားမီးကူးစက်လောင်​​ပြီးမီးလောင်မှုဖြစ်ပွားကြောင်း ကျွမ်းကျင်လျှပ်စစ် ပညာရှင်များ၏စစ်ဆေးချက်ကြောင့်သိရသည်ဟု မ င်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေမှူး ဦးထွန်းထွန်း ကပြောသည်။



ယင်းမီးလောင်မှုကြောင့် ပေ (၄၀ပေ ၃၀) အာစီ (၂)ထပ်အထည်စတိုးဆိုင်အဆောက်အဦး၏(၅၀)ရာခိုင်နှုန်းဆုံးရှုံးမှုတန်းဖိုးကျပ်(၄၅၀၀၀၀၀)ခန့်၊(ပေ၄၀ ပေ၆၀)အာစီ (၁)ထပ်အထည်စတိုး ဆိုင်အဆောက်အဦး၏၅၀ရာခိုင်နှုန်းဆုံးရှုံးမှုတန်ဖိုးကျပ်(၄၅၀၀၀၀၀)ခန့်အတွင်းပစ္စည်းများဖြစ်သောဖိနပ်၊ဘောလုံးအားကစားဝတ်စုံများ ဆုံးရှုံးမှုတန်ဖိုးကျပ် (၅၀၀၀၀၀၀) ခန့်စုစုပေါင်းမီးလောင်ဆုံးရှုံးမှုတန်ဖိုးကျပ်(၁၄၀၀၀၀၀၀) ခန့်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက် ဒဏ်ရာ မရရှိခဲ့ကြောင်း မင်းဘူးခရိုင်မီးသတ် ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးထွန်းထွန်းထံမှသိရှိရသည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး ပိုင်ရှင် ဦးအောင်မိုး အားမင်းဘူးမြို့မရဲစခန်းမှပုဒ်မ၂၈၅ရဲ(ပ)(၁/၂၀၂၀)ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။



မင်းဘူး ဇန်နဝါရီလ ၁ ရက်
သတင်း ဇာမဏီ

0 comments:

Post a Comment