This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, January 29, 2020
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် (၂၀၂၀ )ခုနှစ် မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်း အနားစည်ကားသိုက်မြိုက်စွာကျင်းပ
မင်းဘူး ဇန်နဝါရီလ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် (၂၀၂၀ )ခုနှစ် မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်း
အနားအားယနေ့ ဇန်နဝါရီလ (၂၉)ရက်နေ့ နံနက် (၈)နာရီမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မန်းစက်တော်ရာ ရွှေစင်ရွှေသားစက်လက္ခဏာ ပါဒစေတီတော်အား အထက်စက်တော်ရာမှ ပင့်ဆောင်ကာ ပွဲတော်မုခ်ဦးအထိ ထီးဖြူ မိုး၍ ပင့်ဆောင်သည်။
ရွှေစင်ရွှေသားစက်လက္ခဏာ ပါဒစေတီတော် ပွဲတော်မုခ်ဦးရှေ့ရောက်ရှိချိန်တွင် မကွေးမြို့ သံဃာရာမနိကာယ်စာသင်တိုက်ပဓာနနာယက၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ ် ဒေါက်တာအောင်မိုးညိုနှင့်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌဦးတာ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ခင်စော၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတို့မှ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မင်္ဂလာမုဒ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ
ဥာဏိဿဆရာတော်အရှင်သူမြတ်မှ
ပွဲတော်ဖွင့်ပွဲဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ
ဥာဏိဿဆရာတော်အရှင်သူမြတ်မှ
မန်းရွှေစက်တော် အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန် အုပ်ဆောင်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အထက်စက်တော်ရာပါဒစေတီတော်မြတ်ကို ဖွင့်လှစ်ပေးခဲ့သည်။
ခြေတော်ရာဖွင့်ပွဲအကြိုနေ့ (၂၈-၁-၂၀၂၀) ရက်နေ့ညပိုင်းတွင် နိုင်ငံကျော် တေးသံရှင် အဆိုတော်မာမာအေး၊ ရန်ပိုင်စိုး၊ ဗညားဟန်၊ စိုးစန္ဒာထွန်းနှင် Myanmar Idol Season (4) Winner ဆုရှင်အက်စတာ၊ အေးမြဖြူတို့နှင့် နိုင်ငံကျော်တေးသံရှင်များနှင့် မကွေးတိုင်းဒေသခံ အဆိုတော်များက ဖျော်ဖြေဧည့်ခံပေးကြသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ဒေသခံများ လာရောက်ဖူးမျှော်ခဲ့ကြသည်။
(၂၀၂၀) မန်းရွှေစက်တော်ဘုရားပွဲတော် ကိုဇန်နဝါရီလ (၂၉ရက်နေ့မှ) ဧပြီလ(၁၇ရက ်နေ့အထိ) ရက်ပေါင်း(၈၀ကြာအထိ) ကျင်ပသွားမည် ဖြစ်သည်။
သတင်း ဇာမဏီ
တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်းလမ်းအကျယ်ချဲ့ခြင်းနှင့်လမ်းပြုပြင်
တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်းလမ်းအကျယ်ချဲ့ခြင်းနှင့်လမ်းပြုပြင်ခြင်းများကိုကျပ်သန်း၃၀၂သန်းအသုံးပြုဆောင်ရွက်
သတင်း ကိုရဲ(မကွေး)
သတင်း ကိုရဲ(မကွေး)
Tuesday, January 28, 2020
အလုပ်လုပ်တဲ့အလုပ်သမားတိုင်း လူမှုဖူလုံရေးမှာ အကျုံးဝင်မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူကပြော
အလုပ်လုပ်တဲ့အလုပ်သမားတိုင်း လူမှုဖူလုံရေးမှာ အကျုံးဝင်မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။
သတင်း ဇာမဏီ
မြို့သစ်အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနမှသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအထူးအလေးထားဆောင်ရွက်ပျိုးပင်းပေါင်းခုနှစ်သောင်းစိုက်ပျိုးထား
မြို့သစ်အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနမှသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအထူးအလေးထားဆောင်ရွက်ပျိုးပင်းပေါင်းခုနှစ်သောင်းစိုက်ပျိုးထား
သတင်း ကိုရဲ(မကွေး)
မို့သစ်အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနမှသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအထူးအလေးထားဆောင်ရွက်ပျိုးပင်းပေါင်းခုနှစ်သောင်းစိုက်ပျိုးထား
သတင်း ကိုရဲ(မကွေး)
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၀ ၊ ၂၀၂၀ ၊ဖေဖော်ဝါရီလ (၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၂၀၊ ဇန်နဝါရီလ ၃၀/၃၁ ရက်နေ့ မှာ ဖြန့်ချိပါမည်။ အထူးသတင်းများ
Unicode
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၀ ၊ ၂၀၂၀ ၊ဖေဖော်ဝါရီလ (၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၂၀၊ ဇန်နဝါရီလ ၃၀/၃၁  ရက်နေ့ မှာ ဖြန့်ချိပါမည်။
အထူးသတင်းများ 
မြေလွတ်၊ မြေလပ်၊ မြေရိုင်းသုံးစွဲခွင့် ရယူထားသူများ အမှန်တကယ် အသုံးချ မစိုက်ပျိုးလျှင် အစိုးရမှ ပြန်လည်သိမ်းယူမည်။ ဟု မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုပြောကြား။စာမျက်နှာ- ၄
 (၁) မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်း ဘိန်းခင်း ၈ ဧကခန့်ပိုင်ရှင်မဲ့ဖမ်းမိ။  စာမျက်နှာ - ၆
(၂) စလင်းမြို့နယ်တွင် ကြက်ပွဲနှင့် ဖဲဝိုင်းလောင်းကစားပြုလုပ်သူများဖမ်းဆီးရမိ။ စာမျက်နှာ - ၆
(၃) အခြေခံပညာကျောင်းများစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းကို ပြန်လည် ဖျက်သိမ်းပေးရန်နှင့် အချက်၅ ချက်ဖြင့် မကွေးပညာရေးကောလိပ် ကျောင်းသား/သူ ၂၀၀ ခန့်ဆန္ဒပြ  ။   စာမျက်နှာ-၁၂
(၄) သစ်ခိုးထုတ်မှုတွင် ငွေကြေးတောင်းခံသူများနှင့် သတင်းမီဒီယာ ၃၀ ဦးခန့်အား ဝန်ကြီးချုပ်နှင့် လုံနယ်ဝန်ကြီးထံတိုင်ကြား ဆိုသော အွန်လိုင်းသတင်းအပေါ် သတင်းသမားအချို့၏ အသံများ…..                                                                                                                          စာမျက်နှာ -၁၁               
(၅) ICJ    ကြားဖြတ်အရေးပေါ် စီမံမှု ဆုံးဖြတ်ချက်အပါ် မကွေးမြို့ခံ ပြည်သူအချို့၏အသံများ…..                                                                                                                          စာမျက်နှာ - ၁၂
(၆) ပေါက်မြို့နယ် သရက္ကန်ကျေးရွာအနီး ရေနံမှော်တွင် မီးလောင်မှုဖြစ်ပွား။ စာမျက်နှာ- ၁၉
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : https://www.facebook.com/Myaylatt-Daily-200456737190562
Zawgyi
အထူးသတင်းများ 
အယ်ဒီတာအဖွဲ့
www.winkyi.net
Friday, January 24, 2020
မကွေးမြို့မှာ မကွေးပညာရေးကောလိပ်က ကျောင်းသားကျောင်းသူ(၂၀၀)ခန့်ဆန္ဒထုတ်ဖော်
အခြေခံပညာကျောင်း​ေတွစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေးအပါအဝင် အချက်(၅)ချက်နဲ့ ဇန်နဝါရီ၂၄ ရက်နေ့နံနက်ပိုင်းက မကွေးမြို့မှာ မကွေးပညာရေးကောလိပ်က ကျောင်းသားကျောင်းသူ(၂၀၀)ခန့်ဆန္ဒထုတ်ဖော်ခ့ဲပါတယ်။
သတင်း ရိုက်ကူး ဇာမဏီ
Wednesday, January 22, 2020
မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့ မှ အုတ်/ကွန်ကရစ်ရေမြောင်းများပြုလုပ်
မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့ မှ အုတ်/ကွန်ကရစ်ရေမြောင်းများပြုလုပ်
သတင်း ကိုရဲ(မကွေး)
သတင်း ကိုရဲ(မကွေး)
ပေါက်မြို့နယ်သရက္ကန်ကျေးရွာအနီးရေနံမှော်၌ရေနံတွင်းမီး လောင်မှုဖြစ်ပွား
  ပေါက်  ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်သရက္ကန်ကျေးရွာအနီး
 တရားမဝင်ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းဧရိယာအတွင်း၌ ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ နာရီ အချိန်ခန့်က ပေါက်မြို့နယ် သရက္ကန်ကျေးရွာနေ မြေပိုင် ရှင် ဦးဖိုးခွေး မြေနေရာကို ငှါး ရန်းလုပ်ကိုင်နေသောရေနံကျင်းပိုင်ရှင် ဦးခင်မောင်လွင် မြိုင်မြို့နယ်ဝယ်တောင် (မြောက်)ကျေးရွာနေသူတူး ဖော်နေသော ရေနံကျင်းမှရေနံ၊ဂတ်စ်၊ရေများထွက်နေ စဉ်ရေနံကျင်းတူးဖော်ရာ၌အသုံးပြုသောအင်ဂျင်စက်မှ မီးပွားများလွင့်ထွက်ထိတွေ့ကာမီးစတင်လောင်ကျွမ်းခဲ့ ကြောင်း သိရပါသည်။
  အဆိုပါမီးလောင်မှုဖြစ်ပွားရာ သို့ ပေါက်မြို့နယ်မီးသတ်ဦး စီးဌာမှ မီးသတ်ဦးစီးမှူး ဦး တိုးချိန်နှင့်မီးသတ်တပ်ဖွဲ့ ဝင် များ|မြိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီးမှူး ဦးဇော်
မျိုးအောင်နှင့်မီးသတ်တပ်ဖွဲ့ ဝင်များ၊ရေပြာနယ်မြေမီးသတ်စခန်းမှ မီသတ်တပ်ဖွဲ့ဝင်များ၊
ရေခါးကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်များဒေသခံပြည်သူများနှင့်ပူးပေါင်း၍မီးသတ် ယာဉ်နှင့်ရေသယ်ယာဉ်များ၊ ဖုန်းအမြုပ်ဆေးဗူးများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာဇန်နဝါရီ ၂၂ရက် နံနက်၁၁နာရီမိနစ် ၃၀အချိန်ခန့်ကမီးငြိမ်းသွား ကြောင်း သိရသည်။
 အဆိုပါမီးလောင်မှုကြောင်းရေနံစိမ်းဂါလံ၂၀၀၀ခန့်၊ဂျင် ဒေါင်းအင်ဂျင်စက်၂လုံးပျက်စီးဆုံးရှုံးကာ ရေနံကျင်းပိုင်ရှင် ဦးခင်မောင်လွင် မြိုင်မြို့နယ် ဝယ်တောင်(မြောက်)ကျေးရွာနေသူသည်တစ်ကိုယ်လုံးမီးလောင်းကျွမ်းကာ(စိုးရိမ်ရ)
ဒဏ်ရာများရရှိခဲ့ပြီးမန္တလေးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသခံနေပြီးမီးပေါ့ဆစွာသုံးစွဲသူ ဦးခင်မောင်လွင်အား ရေပြာ နယ်မြေရဲစခန်းကအမဖွင့်အ ရေးယူထားကြောင်း သိရပါ သည်။
 ပေါက်မြို့နယ်ပြန်/ဆက်
မကွေးမြို့ မြို့တော်ခန်းမတွင် ဥယျာဉ်မှူးကိုယ်ပိုင် အလယ်တန်းကျောင်းမှ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲ အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပ
မကွေးမြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ (၂၂)ရက်နေ့က ဥယျာဉ်မှူးကိုယ်ပိုင် အလယ်တန်းကျောင်းမှ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲ အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။
သတင်း ရိုက်ကူး ဇာမဏီ
Friday, January 17, 2020
မင်းဘူးမြို့၊ မြို့မစည်ပင်သာယာဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့ မီးငြိမ်းသတ် သရုပ်ပြသခြင်း ပြုလုပ်
မင်းဘူး          ဇန်နဝါရီ        ၁၆
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရေးရန် အတွက် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်းပြုလုပ်‌သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မင်းဘူးမြို့ စည်ပင်သာယာဈေးအနီးရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသ ခြင်းကို မင်းဘူးမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဉီးဝင်းနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရင်းများကို ပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ် ဉီးစီးမှူး ဉီးစိန်ထွန်းက ဈေးမီးလောင်မှုကြီးများ ဖြစ်ပွားရသည့် အကြောင်းအရင်း ဆိုင်ရာလေ့လာ တွေ့ရှိချက်များ၊ မီးငြိမ်းသတ်နည်းများ၊ ဈေးများမီးဘေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက် ထားရမည့် အချက်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။
          ထို့နောက် ခရိုင်မီးသတ်ဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးထွန်းထွန်းက မီးစတင် လောင်ကျွမ်းပုံ၊ မီးသတ်ဆေးဗူးအသုံးပြုပုံများကို ပြောကြားခဲ့ပြီး ကျေးဇူတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်မီးသတ်ဉီးစီးဌာနမှ မီးသတ်ယာဉ် လေးစီးတို့မှ မင်းဘူးမြို့မ ဈေးအားကြီး လက်တွေ့ပက်ဖျက် သရုပ်ပြပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
မင်းဘူးမြို့နယ်၊ ဇီးဖြူကုန်းရွာ၊ ဈေးဆိုင်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား
မင်းဘူး          ဇန်နဝါရီ        ၁၆
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ထိန်တောအုပ်စု၊ ဇီးဖြူကုန်းရွာ၊ မင်းဘူး-မင်းလှ ကားလမ်းဘေးရှိ ဈေးဆိုင်ခန်းတစ်ခုတွင် ယမန်နေ့ ညနေ ၆ နာရီ မိနစ် ၄၅ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးမှူးရုံးမှ သိရှိရသည်။
          မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဉီးစီးမှူးဉီးစိန်ထွန်း ခေါင်းဆောင်သော သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်(၁၄)ဉီး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ ထောက်ရှာပင် နယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် တပ်ဖွဲ့ဝင်(၆)ဉီး၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ နေပြည်သူများ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ မိနစ် ၂၅ ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။၊
မီးလောင်မှုကြောင့် ဉီးဌေးလှိုင်(ဘ)ဉီးအေးဝေ၊ အလုပ်အကိုင် ကျဘမ်း၏( ၁၅ X ၁၅ )ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ဈေးဆိုင်ခန်း အဆောက်အဉီ တစ်လုံး၊ ဆုံးရှုံးမှုတန်ဖိုး (၅၀,၀၀၀)ကျပ်ခန့် ဆုံးရှုံးပြီး လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဉီးဌေးလှိုင်ကို မင်းဘူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)