Saturday, December 7, 2019

မင်းဘူးမြို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လူထုလမ်းလျောက်ပွဲ ကျင်းပ





မင်းဘူး          ဒီဇင်ဘာ       
 မင်းဘူးခရိုင် အားကစားနှင့် ကာယပညာဉီးစီးဌာန မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လူထုလမ်းလျောက်ပွဲကို ဒီဇင်ဘာလ(စနေ့နေ့တိုင်း) ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ယနေ့ နံနက် ၅ နာရီခွဲ အချိန်က မင်းဘူးမြို့ လူထုလမ်းလျောက်ပွဲကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ရှေ့မှ စတင်ကျင်းပခဲ့သည်။

 

လူထုလမ်းလျောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊  ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ ရေနံမြေ၊ စက်ရုံ အလုပ်ရုံမှ ဝန်းထမ်းများ ၊ ကျောင်းသား/သူများ၊ နှင့် ပြည်သူများမှ ဒီဇင်ဘာလူထုလမ်းလျောက်ပွဲ(ပထမပတ်)တွင် အထက(၂)ကျောင်းမှ တောင် လှည်းကောက်၊ နဂါးပွတ်တောင်တော်လမ်း၊ စက္ကိန္တဲလမ်း၊ ရုံးပေါင်းစုံလမ်းမှ ဗိုလ်ချုပ်ပန်းခြံ ရှေ့ထိစုပေါင်းပါဝင် လမ်းလျောက်ခဲ့ကြသည်။
ဆက်လက်၍ ဗိုလ်ချုပ်ပန်းခြံရှေ့ ရင်ပြင်ပေါ်တွင် ကိုယ်ကာယကြံခိုင်ရေးအတွဲ(၁)၊(၂) လေ့ ကျင့်ခန်းကို ဆောင်ရွက်ခဲ့ကြပြီး၊ အထက(၂)ကျောင်းသား/သူများမှ Myanmar Fitness Dance အကဖြင့် သရုပ်ပြ ဖျော်ဖြေခဲ့ကြပြီး  တက်ရောက်လာသူများမှ စုပေါင်းပါဝင် ကပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများအား အားကစားအနွေး အထည်များကို ကံစမ်းမဲ ဖောက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုလမ်းလျောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်များမှ တာဝန်ရှိသူများ၊ရေနံမြေများမှ စက်ရုံ အလုပ်ရုံ ဝန်ထမ်းများ၊ ကျောင်းသား /သူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၅၀၀)ဉီးခန့် ပါဝင်  လမ်းလျောက် ခဲ့ကြသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment