Saturday, December 7, 2019

ဝါးလုံးများတင်ဆောင်လာ သော(၆)ဘီးယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွား


 ဝါးလုံးများတင်ဆောင်လာ သော(၆)ဘီးယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွား
  ပေါက်  ဒီဇင်ဘာ  ၇
  မကွေးတိုင်းဒေသကြီး ပေါက် မြို့နယ်၌ ဒီဇင်ဘာ ၇ ရက်နံ နက်ပိုင်းကပေါက်ဘက်မှ ပခုက္ကူဘက်သို့ယာဉ်မောင်း ဦးအောင်ဆန်းလင်းပေါက်မြို့နယ်
ကျောက်တံခါးကျေးရွာနေသူ မောင်းနှင်လာပြီးဝါးလုံးများ
တင်ဆောင်လာသောယာဉ် တစ်စီးလမ်း၏ဝဲဘက်သို့လဲကျသိမ်းမှောက်သွားကြောင်း သိရသည်။
 သတင်းအရပေါက်မြို့မရဲစ ခန်းမှယာဉ်စည်းကမ်းထိန်း သိမ်းရေးရဲတပ်ကြပ်ကြီးဦး လှဦး၊နယ်ထိန်းဒုရဲတပ်ကြပ် ဦးဖိုးဇော်၊အုန်းတော(တ)စုကျေးရွာရွာခွဲတာဝန်ခံ၊ဆယ်
အိမ်မှူး၊အသိသက်သေများ နှင့်အတူအမှတ်(၁)ပေါက်တံ
တားအနောက်ဘက်ထိပ်၊အုန်း တောကျေးရွာအရှေ့မြောက်
ဘက်၊ပေါက်-ပခုက္ကူကားလမ်း မပေါ်မိုင်တိုင်အမှတ်၄၉/၇နှင့်၅၀/ဝကြားအရောက်တွင်
ယာဉ်မောင်း ဦးဆန်းလင်းပေါက်မြို့နယ်
ကျောက်တံခါးကျေးရွာနေသူ မောင်းနှင်လာကာဝါးလုံး
၁၃၀၀ခန့်တင်ဆောင်လာ
သောHinoအစိမ်းရောင်(၆)ဘီး
ယာဉ်တစ်စီးဝဲဘက်ဘက်ရှပ် ကျိုးကျ၍ကားဘီး
များအပြင်လွန့်ထွက်ကာ
လမ်း၏ဝဲဘက်ခြမ်းသို့ လဲကျ တိမ်းမှောက်နေပြီးယာဉ် မောင်းနှင့်ယာဉ်နောက်လိုက် တို့သည်ထိခိုက်ဒဏ်ရာမရရှိ  ကြောင်းသိရသည်။


  ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ် အားမဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူပေါက်မြို့နယ် ကျောက်တံခါးကျေးရွာနေသူဦးဆန်းလင်းအားပေါက်မြို့မရဲစခန်းကအမှုဖွင့်အရေးယူထား ကြောင်းသိရသည်။
ဉာဏ်တိုး(ပေါက်)

  ပေါက်  ဒီဇင်ဘာ  ၇
၁၃၀၀ခန့်တင်ဆောင်လာ
ဉာဏ်တိုး(ပေါက်)

0 comments:

Post a Comment