Saturday, December 21, 2019

စန္ဒကူးနံသာ ကျောင်းတော်ရာ အရံစေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် ရဟန်း သာမဏေ ( ၅၂၀၀ ) အပါး ရှင်ပြုပွဲ မဂ်လာ အခမ်းအနား ကြိုတင်ပြင်ဆင်

Zaykabar Company Limited
စန္ဒကူးနံသာ ကျောင်းတော်ရာ
အရံစေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့်
ရဟန်း သာမဏေ ( ၅၂၀၀ ) အပါး ရှင်ပြုပွဲ
မဂ်လာ အခမ်းအနား ကြိုတင်ပြင်ဆင်ခြင်း
၂၀.၁၂.၂၀၁၉
--------------------------------------------------------
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ ကျောင်းကြီးကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မစရိယ) ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ကျိုက်ထီးဆောင်းအဘိုးဆရာတော်ကြီး၏ ဆန္ဒတော်နှင့်အညီ (၇၇၇) ဆူမြောက်ထီးတော်တင်လှူပူဇော်မည့် သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ စေတီပေါင်း (၁၂၆)ဆူတို့အား ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊ ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ ရှင်သာမဏေအပါး (၅၂၀၀)တို့အား သာသနာ့ဘောင်သို့သွတ်သွင်းခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း၊ ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀)၊ ရဟန်း၊ရှင်သာမဏေအပါး(၅၂၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်းအလှူတော်မင်္ဂလာအခမ်းအနားများကို
အဘိုးကျိုက်ထီးဆောင်းဆရာတော်ကြီး၏ သာသနာ့အမွေ၊ ပညာအမွေကို ဆက်ခံသော ဒုတိယကျိုက်ထီးဆောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ၏ ကြီးကြပ်မှုဖြင့် ပဓါနအလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု) ၊ ကျိုက်ထီးဆောင်း ငါးသုံးလီမိသားစုနှင့် ခုနစ်ရက်သားသမီးတို့၏ အလှူဒါန၊ လုပ်အားဒါနတို့ဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပမည်ဖြစ်ပါ၍ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းအား သာဓုအနုမောဓနာခေါ်ဆိုနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
အစီအစဉ်
-------
🙏 (၂၂.၁၂.၂၀၁၉) ရက်နေ့ 🙏
နံနက် (၈:၁၀)နာရီတွင် ရှင်လောင်းလှည့်လည်ခြင်း။
(ဒေဝါ၀င်း၊ ရာဇာ၀င်း၊ ပုဂံ၀င်းအဖွဲ့များ၊ ရွှေထီးကိုင်နှင့် အလံကိုင်အမျိုးသားများ၊ ကွမ်းတောင်ပန်းတောင်၊ ဟင်္သာ၊ ပန်းဖလားကိုင်အဖွဲ့များ၊ မြင်းအကောင်(၇၀)၊ နွားရွှေလှည်းယာဉ်များ၊ စည်တော်အဖွဲ့များ၊ အမျိုးသမီးဒိုးပတ်အဖွဲ့နှင့် ဘ၀မဏ္ဍိုင်အဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ရှင်လောင်းလှည့်လည်မည်ဖြစ်ပါသည်။)
- ဆံချခြင်း (တစ်ကြိမ်လျှင် ရှင်လောင်း ၃၀၀ဆံချခြင်း)
- ရဟန်း၊ ရှင် (၅၂၀၀) အားသာသနာ့ဘောင်သို့သွတ်သွင်းခြင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပပါမည်။
- ည (၇:၀၀) နာရီမှစတင်၍ နိုင်ငံကျော်တေးသံရှင်များဖြစ်သော
မြန်မာပြည်သိန်းတန်၊ ဗညားဟန်၊ အာကာဘို၊ မေခလာ၊ စိုးစန္ဒာထွန်း၊ စိမ့်နေခြည်၊ သွန်း၊ မာရီကိုးလ်၊ မေစူးနိုင်း (ရုပ်ရှင်သရုပ်ဆောင်) တို့မှ သီဆိုဖျော်ဖြေပါမည်။
- ည(၁၀:၀၀-၁၂:၀၀) နာရီမှစတင်၍ နိုင်ငံကျော် ရွှေတံဆိပ်ဆုများရှင် မင်းသမီး သန္တာလင်း (အငြိမ့်) နှင့်အတူ ဖိုက်စတားအဖွဲ့မှ အပြောင်မြောက်ဆုံးဟာသများနှင့်ဖျော်ဖြေတင်ဆက်ပါမည်....
🙏 (၂၃.၁၂.၂၀၁၉) ရက်နေ့ 🙏
- နံနက် (၇း၀၀)နာရီတွင် ရှင်လောင်းများအားသင်္ကန်းစည်းခြင်း။
- နေ့လည် (၃:၀၀)နာရီတွင် ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀)၊ ရဟန်း၊ရှင်သာမဏေအပါး(၅၂၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအလှူတော်မင်္ဂလာအခမ်းအနားကျင်းပပါမည်။
- ည (၇:၀၀) နာရီမှစတင်၍ နိုင်ငံကျော်တေးသံရှင်များဖြစ်သော
မြန်မာပြည်သိန်းတန်၊ ဗညားဟန်၊ အာကာဘို၊ မေခလာ၊ စိုးစန္ဒာထွန်း၊ စိမ့်နေခြည်၊ သွန်း၊ မာရီကိုးလ်၊ မေစူးနိုင်း (ရုပ်ရှင်သရုပ်ဆောင်) တို့မှ သီဆိုဖျော်ဖြေပါမည်။
- ည(၁၀:၀၀-၁၂:၀၀) နာရီမှစတင်၍ နိုင်ငံကျော် ရွှေတံဆိပ်ဆုများရှင် မင်းသမီး သန္တာလင်း (အငြိမ့်) နှင့်အတူ သီးလေးသီးအဖွဲ့မှ အပြောင်မြောက်ဆုံးဟာသများနှင့်ဖျော်ဖြေတင်ဆက်ပါမည်....
🙏 (၂၄.၁၂.၂၀၁၉) ရက်နေ့ 🙏
နံနက် (၈:၁၀)နာရီတွင် ရတနာစိန်ဖူးတော်၊ ရွှေဌက်မြတ်နားတော်၊ ရွှေထီးတော် (၁၂၆)ဆူတို့အား ထီးတော်တင်လှူခြင်းလှူတော်မင်္ဂလာအခမ်းအနားနှင့်
- နေ့လည်(၃:၀၀)တွင် မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၊ ညှင်းသွန်းကျေးရွာတွင် သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ (ဇေကမ္ဘာ မိသားစု)တို့မှ ပင်မဒါယကာပြု၍ တည်ဆောက်လှူဒါန်းထားသော အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ကျောင်းသုံးပရိဘောဂများလှူဒါန်းခြင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအတွက် ၀တ်စုံ၊ ရေသန့်စက်၊ မီးစက်လှူဒါန်းခြင်းရေစက်ချမင်္ဂလာအခမ်းအနားနှင့်
- ညနေ (၅:၀၀)တွင်ကျာင်းဆောင်ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ၍
- ည (၇:၀၀) နာရီမှစတင်ကာ နိုင်ငံကျော်တေးသံရှင်များဖြစ်သော
မြန်မာပြည်သိန်းတန်၊ ဗညားဟန်၊ အာကာဘို၊ မေခလာ၊ စိုးစန္ဒာထွန်း၊ စိမ့်နေခြည်၊ သွန်း၊ မာရီကိုးလ်၊ မေစူးနိုင်း (ရုပ်ရှင်သရုပ်ဆောင်) တို့မှ သီဆိုဖျော်ဖြေပါမည်။
- ည(၁၀:၀၀)မှ နံနက်(၅:၀၀) နာရီအထိ နိုင်ငံကျော် ရွှေတံဆိပ်ဆုများရှင် မင်းသမီး သန္တာလင်း (အငြိမ့်) နှင့်အတူ အများရွှင်တဲ့နှစ်ပါးခွင်၊ မြန်မာ့ယဉ်ကျေးမှုယိမ်းအကအလှများ၊ မျက်လှည့်များ၊ လူရွှင်တော်ဧရာနှင့်ဟားငါးကောင်အဖွဲ့မှ အပြောင်မြောက်ဆုံးဟာသများနှင့်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

0 comments:

Post a Comment