စလင်း
ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး
မင်းဘူးခရိုင် စလင်း မြို့နယ် တမာချောင်ကျေးရွာတွင် စိုက်ပျို းရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်နေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး
ရည်ရွယ်၍ အဝီစိ စက်ရေတွင်းတူးဖော်နေမှုအား စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသောက်သုံးရေရရှိရေးတာ ဝန်ခံအင်ဂျင်နီယာများက
ကွင်းဆင်းကြီးကြပ်ခဲ့သည်။
အဆိုပါ အဝီစိစက်ရေတွင်းတူးဖော်ခြင်း တူးဖော်ခြင်းလုပ်ငန်းများအား စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသောက်သုံးရေရရှိရေးတာ ဝန်ခံအင်ဂျင်နီယာများဖြစ်သော ဒေါ်နှင်းအိခိုင် နှင့် ဒေါ်ဝေဇင်ဝင်း တို့မှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြီးကြပ်ခဲ့ရာ
ကုမ္ပဏီမှတာဝန်ရှိသူ များမှလိုက်လံရှင်းလင်းပြသခဲ့ပြီ း
လက်ရှိ အချိန်တွင်စက်ရေတွင်းတူးဖော်ပြီ းစီး၍ပိုက်ချခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း
သိရသည်။
တမာချောင်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလခွင့်ပြု ရန်ပုံငွေ ကျပ် ၁၈ ဒသမ ၃၀ သန်းဖြင့် လေးလက်မ ၅၀၀ပေ အဝီစိစက်ရေတွင်း တစ်တွင်း၊ အလျား ၁၀ ပေ အနံ ၈ပေ အမြင့် ၈ပေရှိသော ရေစက်ရုံတစ်ခု၊ ဂါလံ ၅၀၀၀ဆံ့ ရေစုကန်တစ်ခုတို့အား တင်ဒါအောင်မြင် သော မြင့်မိုရ်စံထား ကုမ္ပဏီမှဆောင်ရွက် လျက်ရှိကြောင်း စလင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သောက်သုံးရေရရှိရေး တာဝန်ခံအင်ဂျင်နီယာ ဒေါ်နှင်းအိခိုင် ကပြောပြသည်။
အဆိုပါ စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်း များ
ဆောင်ရွက်ပြီးစီးသွားပါက
တမာချောင် ကျေးရွာရှိ အိမ်ခြေ ၁၄၆အိမ်မှ လူဦးရေ ၅၈၉ဦးအပြင် ကျွဲ နွား တိရစ္ဆာန်အတွက်ပါ ရာသီမရွေး သောက်သုံးရေဖူလုံရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သောက်သုံးရေ ရရှိရေး တာဝန်ခံအင်ဂျင်နီယာ ဒေါ်နှင်းအိခိုင် က ဆက်လက်ပြောပြသည်။
ငြိမ်းသူ(စလင်း)
အဆိုပါ အဝီစိစက်ရေတွင်းတူးဖော်ခြင်း တူးဖော်ခြင်းလုပ်ငန်းများအား စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
တမာချောင်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလခွင့်ပြု ရန်ပုံငွေ ကျပ် ၁၈ ဒသမ ၃၀ သန်းဖြင့် လေးလက်မ ၅၀၀ပေ အဝီစိစက်ရေတွင်း တစ်တွင်း၊ အလျား ၁၀ ပေ အနံ ၈ပေ အမြင့် ၈ပေရှိသော ရေစက်ရုံတစ်ခု၊ ဂါလံ ၅၀၀၀ဆံ့ ရေစုကန်တစ်ခုတို့အား တင်ဒါအောင်မြင် သော မြင့်မိုရ်စံထား ကုမ္ပဏီမှဆောင်ရွက် လျက်ရှိကြောင်း စလင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သောက်သုံးရေရရှိရေး တာဝန်ခံအင်ဂျင်နီယာ ဒေါ်နှင်းအိခိုင် ကပြောပြသည်။
အဆိုပါ စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်း
ငြိမ်းသူ(စလင်း)
0 comments:
Post a Comment