Saturday, December 7, 2019

မင်းဘူးမြို့ မြေနုကျွန်းကော်မတီဝင်များ ဧရာဝတီမြစ်လယ် မြေနုကျွန်းကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ ရှင်းလင်းပွဲ ပြုလုပ်




မင်းဘူး          ဒီဇင်ဘာ       
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ဧရာဝတီမြစ်လယ် မြေနုကျွန်းကိစ္စ နှင့် ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း မင်းဘူး(မြို့မ)ရဲစခန်းမှ သိရှိရသည်။

          ဖြစ်စဉ်မှာ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်အနီးရှိ ဧရာဝတီမြစ်လယ် မြေနုကျွန်း၊ ကွင်း အမှတ်(၁၃၂၇)ကွင်းပိုင်ရှင် မင်းဘူးမြို့နေသူများမှ ၃၀-၁၁-၂၀၁၉ ရက်နေ့တွင် ထွန်ယက် စိုက်ပျိုးရန်အတွက် ကွင်းအမှတ်(၁၃၂၇)တွင် ကိုင်ပင်များ သွားရောက်ရှင်းလင်းခုတ်ထွင်ခဲ့ရာ ဧက ၃၀ ခန့် ပြီးစီးခဲ့ကြောင်း၊ မကွေးမြို့၊ နံကပ်ကျွန်းအုပ်စု၊ ဝါးတောကျေးရွာသား(၁၀၀)ဉီးခန့်မှ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ပိုင် မြေနုကျွန်းနေရာသို့ လာရောက်ကျူးကျော်ပြီး တာများ မှတ်ခဲ့သဖြင့် မြေနုကျွန်းကော်မတီအဖွဲ့ဝင်များမှ အမှတ်(၃)ရပ်ကွက်သားများအား ထိမ်းသိမ်း၍ ပြန်လည်ခေါ်ဆောင်လာသဖြင့် ပြဿတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

          ထို့နောက် ၁-၁၂-၂၀၁၉ ရက်နေ့တွင် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဧရာဝတီမြစ်လယ်  မြေနုကျွန်း ကွင်းအမှတ်(၁၃၂၇)အနီးသို့ သဲစုတ်ယူလုပ်ကိုင်သူများ သွားရောက်သဲစုတ်ယူလုပ် ကိုင်စဉ် ဝါးတောကျေးရွာသားများမှ လေးခွများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၄-၁၂-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဝါးတောကျေးရွာသား(၈၀)ဉီးခန့်မှ ထွန်စက်(၁)စီး၊ နွားလှည်း(၂)စီးဖြင့် ကွင်း အမှတ်(၁၃၂၇)သို့ လာရောက် စိုက်ပျိုးနေကြောင်း စုံစမ်းသိရှိရသဖြင့် အမှတ်(၃)ရပ်ကွက် အနီးရှိ ဧရာဝတီမြစ်လယ် မြေနုကျွန်းကိစ္စနှင့် ပတ်သက်၍        ဉပဒေအတိုင်း တိုင်းတာတွက်ချက် ပြီးမှသာ သွားရောက်လုပ်ကိုင်ရန်နှင့် မကွေးမြို့ဘက်မှ လာရောက်နေထိုင်သူများကို သွားရောက်  ဟန့်တားခြင်း မပြုရန် မှာကြားခဲ့ကြောင်း သိရသည်။

          အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဉီးစန်းဌေး၊ ခရိုင်မီးသတ်ဉီးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဉီးထွန်းထွန်း၊ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ် ရေးမှူး ဉီးစိုးညွှန့်အောင် နှင့် မြေနုကျွန်းကော်မတီဝင်များမှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment