Sunday, December 22, 2019

စေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် ရှင်အပါး (၅၂၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား။

Zaykabar Company Limited
9 hrs ·

စေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် ရှင်အပါး (၅၂၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား။
------------------------------------------
ကျိုက်ထီးဆောင်းအဘိုးဆရာတော်ကြီး၏ ဆန္ဒတော်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ ကျောင်းကြီးကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မစရိယ) ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် အဘိုးကျိုက်ထီးဆောင်းဆရာတော်ကြီး၏ သာသနာ့အမွေ၊ ပညာအမွေကို ဆက်ခံသော ဒုတိယကျိုက်ထီးဆောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ၏ ကြီးကြပ်မှုဖြင့် ပင်မပဓါနအလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု) ၊ ကျိုက်ထီးဆောင်း ငါးသုံးလီမိသားစုနှင့် ခုနစ်ရက်သားသမီးတို့၏ အလှူဒါန၊ လုပ်အားဒါနတို့ဖြင့်

(၇၇၇) ဆူမြောက်ထီးတော်တင်လှူပူဇော်မည့် သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ စေတီပေါင်း (၁၂၆)ဆူတို့အား ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊ ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ ရှင်သာမဏေအပါး (၅၂၀၀)တို့အား သာသနာ့ဘောင်သို့သွတ်သွင်းခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း၊ ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀)၊ ရဟန်း၊ရှင်သာမဏေအပါး(၅၂၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာအခမ်းအနားအား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေနှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မကွေးတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

(၂၂.၁၂.၂၀၁၉)

Zaykabar Company Limited
9 hrs ·

------------------------------------------



(၂၂.၁၂.၂၀၁၉)

0 comments:

Post a Comment