Thursday, December 26, 2019

လူ(၁၀)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့သည့် ယာဉ်တိုက်မှု


26.12.2019 နံနက်(၁၀)နာရီခန့်က မော်လမြိုင်-မုဒုံသွား လမ်းမကြီးပေါ် မုဒုံမြို့အဝင် ကွမ်တာကျေးရွာအပိုင်တွင် ဘုရားဖူးယာဉ် ဟိုက်ဂျက်ကားနဲ့ (၆)ဘီး သဲကားတို့ တိုက်မှုဖြစ်ပွားပြီး ဟိုက်ဂျက်ယာဉ် ပေါ်ပါ (၁၅)ဦးအနက် (၁၀)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါ သည်။
ယာဉ်တိုက်မှုဖြစ်ပုံကတော့ ဟိုက်ဂျက်နဲ့ သဲကားမှာ လားရာတူ
မောင်းလာခြင်းဖြစ်ပြီး ဟိုက်ဂျက်မှ (၆)ဘီးကားကို ကျော်တက်ပြီး ယာဉ်ကြောထဲပြန်ဝင်ချိန် (၆)ဘီးကားရှေ့ထဲ ဝင်သွားခြင်းဖြစ်ပါသည်။

ဟိုက်ဂျက်ကားမှာ ဘားအံ ကော့လှိုက်ကျေးရွာနေ ဦးတင့် ဆိုသူ မောင်းနှင်လာသည့် ကားဖြစ်ပြီး (၆)ဘီးမှာ သံဖြူဇရပ် ကျုံကဒတ် ကျေးရွာနေ တင်အောင်စိုး(၅၃)နှစ် မောင်းနှင်လာသည့် ကားဖြစ်ပါ သည်။
သေဆုံး ဒဏ်ရာရသည့် ဘုရားဖူးကားပေါ်မှလူများမှာ ကြို့ပင်ကောက် ဇီးကုန်း အောင်လံ နှင့် ဘားအံ ကော့လှိုက်ရွာမှလူများဖြစ်ပါသည်။
ဘုရားဖူးအလည် လာကြရင်း ကျိုက်ခမီဘုရားဖူးသွားကြစဉ် ဖြစ်ပွား၍ သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။
ကျား(၆)မ(၄) စုစုပေါင်း(၁၀)ဦးသေဆုံးပြီး
ကျား(၁)မ(၄)ဦး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပါသည်။
ကားခေါင်းခန်းတွင်း ညှပ်နေပြီး အသက်ရှင်နေသည့် ကလေးတစ်ဦး အား ကယ်ဆယ်ရေးအဖွဲ့များမှ ကလေးအား အောက်ဆီဂျင်ပေး အားပေးစကားများပြော၍ ထိန်းထားပေးကာ မော်လမြိုင်ခရိုင်မီးသတ် တပ်ဖွဲ့မှ ကတ်တာများ ကရိန်းကားများ အသုံးပြု ဖြတ်တောက်၍ အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါသည်။
အခင်းဖြစ်ပွားရာနေရာသို့
မော်လမြိုင်ခရိုင်မီးသတ်တပ်ဖွဲ့၊ မုဒုံမီးသတ်တပ်ဖွဲ့၊
မော်လမြိုင်မြို့ပေါ်ကွန်ယက်မှ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များ
မုဒုံမြို့နယ်ကွန်ယက်မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ
ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီပေးနိုင်ခဲ့ကြပါသည်။
အသက်ရှင်ပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသူများမှာ
- ဒေါ်မာမာဦး (49)နှစ် (ဘ)ဦးစိုးတင် အောင်လံမြို့ မကွေးတိုင်း
- ဒေါ်ကြူကြူထွေး (42)နှစ် (ဘ)ဦးသိန်းအောင် ဘားအံ
- မဖြူဖြူသင်း (16)နှစ် (ဘ)ဦးတင်အောင်နွယ် အောင်ပြည်သာရွာ
- မောင်ကောင်းမြတ်သူ (13)နှစ် (ဘ)ဦးကိုကိုထွေး ကြို့ပင်ကောက်
- ဒေါ်မာမာဝင်း (55)နှစ် (ဘ)ဦးတင်မောင် ဇီးကုန်း ပြည်
တို့ဖြစ်ကြောင်းသိရပါသည်။ သက်ဆိုင်သူ မိသားစုများထံ ဆက်သွယ်
အကြောင်းကြားထားပြီး ဖြစ်ပါသည်။
(DB ပုံမြင်ချင်သူ ဆွေမျိုးများအနေဖြင့် မက်ဆင်ဂျာမှာ လာတောင်း နိုင်ပါတယ်။ ကျွန်တော်တို့ တင်ပေးလို့ အဆင်မပြေပါ။ DB ပုံတွေ အရမ်းဆိုးရွားနေလို့ပါ)
မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့
09 784 784 199
09 785 785 199
09 260 144 199
#Zin Moe

0 comments:

Post a Comment