စလင်း၊ ဒီဇင်ဘာ
၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်
တမာချောင်ကျေးရွာ၌ ယနေ့ နေလည် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့်
အနီးထရံသို့ကူးစစ်ကာ လူနေအိမ်(၂)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ သတင်းရလျှင်ရခြင်း စလင်းမြို့နယ်မီးသတ်ဉီးမှူးရုံးမှ
မြို့နယ် မီးသတ်ဉီးစီးမှူးဉီးဝင်းဗိုလ် ဉီးဆောင်၍ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊
မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၇)ဉီး၊
အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဉီးနှင့် အနီးပတ်ဝန်းကျင်ပြည်သူများက စုပေါင်း၍ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ
နေလည် ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၄၀ မိနစ် အချိန်တွင်
မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် တမာချောင်ကျေးရွာနေ
အိမ်ရှင်ဉီးသန်းတိုးအောင်၊ အသက်(၂၃)နှစ်၊ အဘဉီးမြင့် သိန်း၊ တောင်သူလုပ်ငန်းလုပ်ကိုင်သူ၏နေအိမ်(၂၁
× ၁၄)ပေ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း
နေအိမ် (၁)လုံးနှင့် ဒေါ်သန်း အသက်(၆၃)နှစ်၊ အဘဉီးဘမော် တောင်သူလုပ်ငန်းလုပ်ကိုင်သူ၏
နေအိမ်(၂၄ × ၁၆) ပေ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်(၁)လုံး
စုစုပေါင်းခန့်မှန်းပစ္စည်းဆုံးရှုံးမှုတန်ဖိုးကျပ် ၆၈၂၅၀၀ ၊ (ကျပ်- ခြောက်သိန်းရှစ်သောင်းနှစ်ထောင့်ငါးရာ)ခန့်
ပျက်စီးဆုံးရှုံးပြီး မီးဘေးသင့်ပြည်သူ ကျား( ၂)ဉီး၊ မ(၅) ဉီး စုစုပေါင်း(၇)ဉီးအား
နီးစပ်ရာဆွေးမျိုးများနေအိမ်တွင်နေထိုင်လျှက်ရှိကာ လူတိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း
မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်အား စလင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်
ရှိကြောင်း သိရသည်။
မောင်လွင်( ပြန်/ဆက်)
0 comments:
Post a Comment