Thursday, December 12, 2019

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး) ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေး

 
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး) ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

မကွေး ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် မကွေးတက္ကသိုလ်ဝင်းအတွင်းရှိ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဖွင့်ပွဲအခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် ပြခန်းများအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်း-လင်းဟန်ဇေ၊ ဓာတ်ပုံ-သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment