ပွင့်ဖြူ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး
၊ ပွင့်ဖြူမြို့နယ်တွင် စာဖတ်သူဦးရေ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ
ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ ဖေမြင့် ၏ ဦးနှောက်တွင်
ရင်းနှီးမြှုပ်နှံပါ စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို နိုဝင်ဘာ ၃၀ ရက် ၊ နံနက်
၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community
Centre)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book
Club)ဉက္ကဌ ဆရာကြီး ဦးစိန်လွင် (ပညာရေးမှူးငြိမ်း)က ယခုလို စားဖတ်ဝိုင်းများ
ကျင်းပပြုလုပ်ခြင်းဖြင့် မြို့နယ်အတွင်း စာဖတ်သူဦးရေ တိုးပွာလာမည်ဖြစ် ပြီး တက်ရောက်လာသည့်
စာပေဝါသနာရှင်များမှလည်း မိမိပတ်ဝန်းကျင်တွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေ ရေး
စာပေဖတ်ရှုကြရန် စည်းရုံးပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ
အဖွဲ့ဝင်(၃)ဦးက စာရေးဆရာ ဖေမြင့် ၏
ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ စာအုပ်အား ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့်(Book Club)အဖွဲ့ ဝင်များနှင့် စာပေဝါသနာရှင်များက သိရှိလိုသည်များကို
မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဉက္ကဌ
ဆရာကြီး ဦးစိန်လွင် က ဆွေးနွေးမှုများအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဉက္ကဌ
ဆရာကြီးဦးစိန်လွင် (ပညာရေးမှူးငြိမ်း)နှင့် အဖွဲ့ဝင်များ ၊ စာပေဝါသနာရှင်များ ၊ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း
သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )
0 comments:
Post a Comment