This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Tuesday, December 31, 2019
ကူးစက်မြန်တဲ့ခွါနာလျှာနာရောဂါမြို့သစ်တွင်ဖြစ်ကွင်းဆင်းကုသ
ကူးစက်မြန်တဲ့ခွါနာလျှာနာရောဂါမြို့သစ်တွင်ဖြစ်ကွင်းဆင်းကုသ
သတင်း။ အောင်ကျော်(မြို့သစ်)
သတင်း။ အောင်ကျော်(မြို့သစ်)
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒုတိယဥက္ကဌနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၏ နှစ်သစ်ကူးဆုတောင်းစကားသံများ
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒုတိယဥက္ကဌနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၏ နှစ်သစ်ကူးဆုတောင်းစကားသံများ
ရိုက်ကူး ဇာမဏီ
ရိုက်ကူး ဇာမဏီ
နှစ်သစ်ကူးညမှာ မကွေးမြို့ပေါ်အေးချမ်းသာယာ ရေးနဲ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား(၇၀) ကေျာ်ကို အဖွဲ့(၈)ဖွဲ့ခွဲပြီး လုံခြုံရေးချထား
နှစ်သစ်ကူးညမှာ မကွေးမြို့ပေါ်အေးချမ်းသာယာ ရေးနဲ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား(၇၀) ကေျာ်ကို အဖွဲ့(၈)ဖွဲ့ခွဲပြီး လုံခြုံရေးချထားတယ်လို့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။
ရိုက်ကူး/တင်ဆက် ဇာမဏီ
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၈ ၊ ၂၀၂၀ ၊ဇန်နဝါရီလ(၁ - ၁၅)ရက်ထွက် ဂျာနယ်မှ စာမျက်နှာ ၂၄ မျက်နှာ အပြည့်အစုံတင်ပေးထားပါသည်။
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၈ ၊ ၂၀၂၀ ၊ဇန်နဝါရီလ(၁ - ၁၅)ရက်ထွက် ဂျာနယ်မှ စာမျက်နှာ ၂၄ မျက်နှာ အပြည့်အစုံတင်ပေးထားပါသည်။ အနယ်နယ်အရပ်ရပ်စာရေးသူများနှင့် စာဖတ်ပရိသပ်များ ရယူနိုင်ကြပါပြီ....။
Saturday, December 28, 2019
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၈ ၊ ၂၀၂၀ ၊ဇန်နဝါရီလ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၁၉၊ ဒီဇင်ဘာလ ၃၀/၃၁ ရက်နေ့ မှာ ဖြန့်ချိပါမည်။
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၈ ၊ ၂၀၂၀ ၊ဇန်နဝါရီလ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၁၉၊ ဒီဇင်ဘာလ ၃၀/၃၁ ရက်နေ့ မှာ ဖြန့်ချိပါမည်။
အထူးသတင်းများ
(၁) တတိယအကြိမ် တောင်သားလူမျိုး(ခ)ပျူလူမျိုးနွယ်စု တွေ့ဆုံပွဲကို ဆောမြို့နယ် ကျောက်ထုမြို့ မိအယ်ကျေးရွာတွင် ကျင်းပ ။ စာမျက်နှာ - ၅
(၂) ကြံခင်းအောင်မြင်ဖြစ်ထွန်းနေမှု ကွင်းသရုပ်ပြပွဲနှင့် စပါးပြီးလယ်မြေပေါ်တွင် ရွှေဖလားကြက်သွန်နီ သီးထပ်စိုက်ပျိုးမှု သရုပ်ပြ ။ စာမျက်နှာ - ၅
(၃) ယင်းကွေ့ချောင်း အလယ်တန်းကျောင်း *ယင်းလရောင်စာကြည့်တိုက်* ဖွင့်ပွဲကျင်းပ ။ စာမျက်နှာ-၁၀
(၄) မကွေးတက္ကသိုလ် ၂၅ နှစ်ပြည့် ငွေရတုပွဲ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံပန်းချီ၊ပန်းပုအစည်းအရုံး မကွေးမြို့နယ်မှ မကွေးတက္ကသိုလ်တွင် ပန်းချီအရောင်းပြခန်းဖွင့် ။ စာမျက်နှာ - ၁၁
(၅) စလင်းမြို့နယ် တမာချောင်ကျေးရွာတွင် နေအိမ်မီးဖိုမှ တဆင့်မီးလောင်မှုဖြစ်ပွား။
စာမျက်နှာ - ၁၈
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : https://www.facebook.com/Myaylatt-Daily-200456737190562/?ref=bookmarks
 မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၈ ၊ ၂၀၂၀ ၊ဇန်နဝါရီလ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ဒီဇင်ဘာလ ၃၀/၃၁ ရက်နေ့ မှာ ဖြန့်ချိပါမည်။
အထူးသတင်းများ
စာမျက်နှာ - ၁၈
အယ်ဒီတာအဖွဲ့
www.winkyi.net
Thursday, December 26, 2019
မြို့နယ်တိုင်းမှတိုင်းအဆင့်အားကစားသမားပေါ်ထွန်းရေးဝန်ကြီးချုပ်ဖလားပြိုင်ပွဲကျင်းပ
မြို့နယ်တိုင်းမှတိုင်းအဆင့်အားကစားသမားပေါ်ထွန်းရေးဝန်ကြီးချုပ်ဖလားပြိုင်ပွဲကျင်းပ
သတင်း အောင်ကျော်(မြို့သစ်)
#မြို့နယ်တိုင်းမှတိုင်းအဆင့်အားကစားသမားပေါ်ထွန်းရေးဝန်ကြီးချုပ်ဖလားပြိုင်ပွဲကျင်းပ
သတင်း အောင်ကျော်(မြို့သစ်)
လူ(၁၀)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့သည့် ယာဉ်တိုက်မှု
26.12.2019 နံနက်(၁၀)နာရီခန့်က မော်လမြိုင်-မုဒုံသွား လမ်းမကြီးပေါ် မုဒုံမြို့အဝင် ကွမ်တာကျေးရွာအပိုင်တွင် ဘုရားဖူးယာဉ် ဟိုက်ဂျက်ကားနဲ့ (၆)ဘီး သဲကားတို့ တိုက်မှုဖြစ်ပွားပြီး ဟိုက်ဂျက်ယာဉ် ပေါ်ပါ (၁၅)ဦးအနက် (၁၀)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါ သည်။
ယာဉ်တိုက်မှုဖြစ်ပုံကတော့ ဟိုက်ဂျက်နဲ့ သဲကားမှာ လားရာတူ
မောင်းလာခြင်းဖြစ်ပြီး ဟိုက်ဂျက်မှ (၆)ဘီးကားကို ကျော်တက်ပြီး ယာဉ်ကြောထဲပြန်ဝင်ချိန် (၆)ဘီးကားရှေ့ထဲ ဝင်သွားခြင်းဖြစ်ပါသည်။
ဟိုက်ဂျက်ကားမှာ ဘားအံ ကော့လှိုက်ကျေးရွာနေ ဦးတင့် ဆိုသူ မောင်းနှင်လာသည့် ကားဖြစ်ပြီး (၆)ဘီးမှာ သံဖြူဇရပ် ကျုံကဒတ် ကျေးရွာနေ တင်အောင်စိုး(၅၃)နှစ် မောင်းနှင်လာသည့် ကားဖြစ်ပါ သည်။
သေဆုံး ဒဏ်ရာရသည့် ဘုရားဖူးကားပေါ်မှလူများမှာ ကြို့ပင်ကောက် ဇီးကုန်း အောင်လံ နှင့် ဘားအံ ကော့လှိုက်ရွာမှလူများဖြစ်ပါသည်။
ဘုရားဖူးအလည် လာကြရင်း ကျိုက်ခမီဘုရားဖူးသွားကြစဉ် ဖြစ်ပွား၍ သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။
ကျား(၆)မ(၄) စုစုပေါင်း(၁၀)ဦးသေဆုံးပြီး
ကျား(၁)မ(၄)ဦး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပါသည်။
ကားခေါင်းခန်းတွင်း ညှပ်နေပြီး အသက်ရှင်နေသည့် ကလေးတစ်ဦး အား ကယ်ဆယ်ရေးအဖွဲ့များမှ ကလေးအား အောက်ဆီဂျင်ပေး အားပေးစကားများပြော၍ ထိန်းထားပေးကာ မော်လမြိုင်ခရိုင်မီးသတ် တပ်ဖွဲ့မှ ကတ်တာများ ကရိန်းကားများ အသုံးပြု ဖြတ်တောက်၍ အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါသည်။
အခင်းဖြစ်ပွားရာနေရာသို့
မော်လမြိုင်ခရိုင်မီးသတ်တပ်ဖွဲ့၊ မုဒုံမီးသတ်တပ်ဖွဲ့၊
မော်လမြိုင်မြို့ပေါ်ကွန်ယက်မှ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များ
မုဒုံမြို့နယ်ကွန်ယက်မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ
ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီပေးနိုင်ခဲ့ကြပါသည်။
အသက်ရှင်ပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသူများမှာ
- ဒေါ်မာမာဦး (49)နှစ် (ဘ)ဦးစိုးတင် အောင်လံမြို့ မကွေးတိုင်း
- ဒေါ်ကြူကြူထွေး (42)နှစ် (ဘ)ဦးသိန်းအောင် ဘားအံ
- မဖြူဖြူသင်း (16)နှစ် (ဘ)ဦးတင်အောင်နွယ် အောင်ပြည်သာရွာ
- မောင်ကောင်းမြတ်သူ (13)နှစ် (ဘ)ဦးကိုကိုထွေး ကြို့ပင်ကောက်
- ဒေါ်မာမာဝင်း (55)နှစ် (ဘ)ဦးတင်မောင် ဇီးကုန်း ပြည်
တို့ဖြစ်ကြောင်းသိရပါသည်။ သက်ဆိုင်သူ မိသားစုများထံ ဆက်သွယ်
အကြောင်းကြားထားပြီး ဖြစ်ပါသည်။
(DB ပုံမြင်ချင်သူ ဆွေမျိုးများအနေဖြင့် မက်ဆင်ဂျာမှာ လာတောင်း နိုင်ပါတယ်။ ကျွန်တော်တို့ တင်ပေးလို့ အဆင်မပြေပါ။ DB ပုံတွေ အရမ်းဆိုးရွားနေလို့ပါ)
မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့
09 784 784 199
09 785 785 199
09 260 144 199
#Zin Moe
Tuesday, December 24, 2019
စလင်းမြို့နယ် တမာချောင်ကျေးရွာတွင် နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား
စလင်း၊ ဒီဇင်ဘာ ၂၄
            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တမာချောင်ကျေးရွာ၌ ယနေ့ နေလည် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးထရံသို့ကူးစစ်ကာ လူနေအိမ်(၂)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
            အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့  သတင်းရလျှင်ရခြင်း စလင်းမြို့နယ်မီးသတ်ဉီးမှူးရုံးမှ မြို့နယ် မီးသတ်ဉီးစီးမှူးဉီးဝင်းဗိုလ် ဉီးဆောင်၍ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၇)ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဉီးနှင့် အနီးပတ်ဝန်းကျင်ပြည်သူများက စုပေါင်း၍ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နေလည် ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၄၀ မိနစ် အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။
            မီးလောင်မှုကြောင့် တမာချောင်ကျေးရွာနေ အိမ်ရှင်ဉီးသန်းတိုးအောင်၊ အသက်(၂၃)နှစ်၊ အဘဉီးမြင့် သိန်း၊ တောင်သူလုပ်ငန်းလုပ်ကိုင်သူ၏နေအိမ်(၂၁ × ၁၄)ပေ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် (၁)လုံးနှင့် ဒေါ်သန်း အသက်(၆၃)နှစ်၊ အဘဉီးဘမော် တောင်သူလုပ်ငန်းလုပ်ကိုင်သူ၏ နေအိမ်(၂၄ × ၁၆) ပေ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်(၁)လုံး စုစုပေါင်းခန့်မှန်းပစ္စည်းဆုံးရှုံးမှုတန်ဖိုးကျပ် ၆၈၂၅၀၀ ၊ (ကျပ်- ခြောက်သိန်းရှစ်သောင်းနှစ်ထောင့်ငါးရာ)ခန့် ပျက်စီးဆုံးရှုံးပြီး မီးဘေးသင့်ပြည်သူ ကျား( ၂)ဉီး၊ မ(၅) ဉီး စုစုပေါင်း(၇)ဉီးအား နီးစပ်ရာဆွေးမျိုးများနေအိမ်တွင်နေထိုင်လျှက်ရှိကာ လူတိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်အား စလင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
             မောင်လွင်( ပြန်/ဆက်)
Monday, December 23, 2019
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ညှင်းသွန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) စာသင်ကျောင်းအဆောက်အဦးအသစ်၊
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ညှင်းသွန်းကျေးရွာရှိ (ပေ ၉၀X ပေ ၃၀)အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) စာသင်ကျောင်းအဆောက်အဦးအသစ်ဆောက် လုပ်ခြင်းနှင့် ကျောင်းသုံးပရိဘောဂများလှူဒါန်းခြင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအတွက် ဝတ်စုံ၊ ရေသန့်စက်၊ မီးစက်လှူဒါန်းခြင်း မဂ်လာအခမ်းအနားဖွင့်ပွဲ ၂၀၁၉ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကျင်းပ
မြင့်မြတ်မောင်(မင်းလှ)
(ပေ ၉၀X ပေ ၃၀)အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) စာသင်ကျောင်းအဆောက်အဦးအသစ်ဆောက် လုပ်ခြင်းနှင့် ကျောင်းသုံးပရိဘောဂများလှူဒါန်းခြင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအတွက် ဝတ်စုံ၊ ရေသန့်စက်၊ မီးစက်လှူဒါန်းခြင်း မဂ်လာအခမ်းအနားဖွင့်ပွဲ ၂၀၁၉ ဒီဇင်ဘာလ ၂၄ နေ့ကျင်းပ
Sunday, December 22, 2019
#စန္ဒကူးနံ့သာကျော်းတော်ရာစေတီတော်မြတ်ကြီး၊အရန်စေတီ(၁၂၆)ဆူထီးတော်တင်လှူ ပွဲ ရှင်အပါး(၅၀၀၀) ရှင်ပြုပွဲနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်း အလှူတော်မင်္ဂလာကျင်းပ
#စန္ဒကူးနံ့သာကျော်းတော်ရာစေတီတော်မြတ်ကြီး၊အရန်စေတီ(၁၂၆)ဆူထီးတော်တင်လှူ ပွဲ ရှင်အပါး(၅၀၀၀) ရှင်ပြုပွဲနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်း အလှူတော်မင်္ဂလာကျင်းပ
===========
သတင်း ယမင်း ( မြို့သစ် )
#စန္ဒကူးနံ့သာကျော်းတော်ရာစေတီတော်မြတ်ကြီး၊အရန်စေတီ(၁၂၆)ဆူ ထီးတော်တင်လှူ ပွဲ ရှင်အပါး(၅၀၀၀) ရှင်ပြုပွဲနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်း အလှူတော်မင်္ဂလာကျင်းပ
===========
သတင်း ယမင်း ( မြို့သစ် )
မြို့သစ်မြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်၇ဆိုင်အားသယံဇာတသဘာဝပတ်ဝန်းကျင်လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီဝင်ရောက်စစ်ဆေး
မြို့သစ်မြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်၇ဆိုင်အားသယံဇာတသဘာဝပတ်ဝန်းကျင်လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီဝင်ရောက်စစ်ဆေး
သတင်း ယမင်း(မြို့သစ်)
မြို့သစ်မြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်၇ဆိုင်အားသယံဇာတသဘာဝပတ်ဝန်းကျင်လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီဝင်ရောက်စစ်ဆေး
သတင်း ယမင်း(မြို့သစ်)
စေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် ရှင်အပါး (၅၂၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား။
Zaykabar Company Limited
9 hrs ·
စေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် ရှင်အပါး (၅၂၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား။
------------------------------------------
ကျိုက်ထီးဆောင်းအဘိုးဆရာတော်ကြီး၏ ဆန္ဒတော်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ ကျောင်းကြီးကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မစရိယ) ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် အဘိုးကျိုက်ထီးဆောင်းဆရာတော်ကြီး၏ သာသနာ့အမွေ၊ ပညာအမွေကို ဆက်ခံသော ဒုတိယကျိုက်ထီးဆောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ၏ ကြီးကြပ်မှုဖြင့် ပင်မပဓါနအလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု) ၊ ကျိုက်ထီးဆောင်း ငါးသုံးလီမိသားစုနှင့် ခုနစ်ရက်သားသမီးတို့၏ အလှူဒါန၊ လုပ်အားဒါနတို့ဖြင့်
(၇၇၇) ဆူမြောက်ထီးတော်တင်လှူပူဇော်မည့် သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ စေတီပေါင်း (၁၂၆)ဆူတို့အား ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊ ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ ရှင်သာမဏေအပါး (၅၂၀၀)တို့အား သာသနာ့ဘောင်သို့သွတ်သွင်းခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း၊ ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀)၊ ရဟန်း၊ရှင်သာမဏေအပါး(၅၂၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာအခမ်းအနားအား
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေနှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မကွေးတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
(၂၂.၁၂.၂၀၁၉)
Zaykabar Company Limited
9 hrs ·
------------------------------------------
(၂၂.၁၂.၂၀၁၉)
မကွေးမြို့မှာ ကလေးသူငယ် (၅၂၀၀)ကို ရှင်ပြုမင်္ဂလာပွဲ ကျင်းပပေးခဲ့တဲ့ နန္ဒာလှိုင်တို့ မိသားစု
မကွေးမြို့မှာ ကလေးသူငယ် (၅၂၀၀)ကို ရှင်ပြုမင်္ဂလာပွဲ ကျင်းပပေးခဲ့တဲ့ နန္ဒာလှိုင်တို့ မိသားစု
Sue | December 22, 2019 | ရသစုံ | No Comments
လွန်ခဲ့တဲ့ နှစ်(၃၀) ကျော်ဝန်းကျင်က မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကို ပရိသတ်တိုင်းလိုလို ချစ်ကြတာ ဖြစ်ပါတယ်။ စွဲဆောင်မှုရှိပြီး ပြေပြစ်လှပလွန်းတဲ့ နန္ဒာလှိုင်က အခုချိန်ထိလည်း လှသွေးကြွယ်နေဆဲ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ နန္ဒာလှိုင်က
လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုအရေးကိစ္စတွေကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက် အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့မှာတော့ နန္ဒာလှိုင့်ခင်ပွန်းရဲ့ ဇေကမ္ဘာမိသားစုက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ
စေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် ရှင်အပါး (၅၂၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ စေတီပေါင်း (၁၂၆)ဆူတို့အား ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊ ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီး
သင်္ကန်းကပ်လှူခြင်း၊ ဘက်စုံအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ ရှင်သာမဏေအပါး (၅၂၀၀)တို့အား သာသနာ့ဘောင်သို့သွတ်သွင်းခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း၊ ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀)၊ ရဟန်း၊ရှင်သာမဏေအပါး(၅၂၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း
အလှူတော်မင်္ဂလာအခမ်းအနားအား နန္ဒာလှိုင်ကလည်း မိသားစုဝင်တစ်ယောက်အဖြစ် တက်ရောက်ခဲ့တာပါ။ နန္ဒာလှိုင်တို့ မိသားစုက မကြာခဏဆိုသိလု မြန်မာနိုင်ငံအနှံ့အပြားမှာ အလှူအတန်းတွေကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိပြီး ကုသိုလ်တွေ ယူတဲ့ မိသားစုလေးတစ်စုပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန္ဒာလှိုင်တို့ရဲ့အလှူလေးကို သာဓုခေါ်ပေးကြဦးနော်။
Source : Nandar Hlaing & Zaykabar Company Limited | Reference & Credit : momolay.com
"မြန်မာပြည်ရဲ့ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဇေကမ္ဘာအလှူတော်ပွဲ" ကမ္ဘာမှာမရှိသေးတဲ့ ရှင်သာမဏေပြုပွဲ ဖြစ်တဲ့ ရှင်'၅၂၀၀'ရှင်ပြုပွဲကြီး
U Thein Win
6 hrs
"မြန်မာပြည်ရဲ့ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာ
ကျောင်းတော်ရာ ဇေကမ္ဘာအလှူတော်ပွဲ"
ကမ္ဘာမှာမရှိသေးတဲ့ ရှင်သာမဏေပြုပွဲ
ဖြစ်တဲ့ ရှင်'၅၂၀၀'ရှင်ပြုပွဲကြီးကိုဖြင့်
ရှုထောင့်အသီးသီးမှနေပြီးတော့
ခံစားကြည့်ရှုနိုင်ကြစေရန်အတွက်
စည်ကားသိုက်မြိုက်စွာ ကျင်းပမှုပုံရိပ်များကို
အပိုင်း(၂) အနေနှင့် ထပ်ဆင့်လို့ တင်ပြလိုက်
ပါရစေတော့ မင်္ဂလာအပေါင်းတို့နှင့် အစဉ်ထာဝရ
ခငြောင်းနိုင်ကြပါစေ....
"ကျောင်းတော်ရာ" သိန်းဝင်း
 ထံမှ ကူးယူဖော်ပြပါသည်။
U Thein Win
6 hrs
ခငြောင်းနိုင်ကြပါစေ....