Saturday, November 23, 2019

မင်းဘူးမြို့နယ်၊ စကုမြို့၊ ကဒီးကျေးရွာတွင် ဆိုလာပြားအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား




မင်းဘူး          နိုဝင်ဘာ        ၂၃
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုမြို့ ကဒီးကျေးရွာတွင် ဆိုလာပြားအားသွင်းရာမှ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ် အချိန်က မီးလောင်မှုဖြစ်ပွား ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဉီးစီးဌာနမှ သိရသည်။

          ဖြစ်စဉ်မှာ ကဒီးကျေးရွာနေ ဉီးပြုံး၊ (၅၈)နှစ် ၊ (ဘ)ဉီးအောင်မှိန်၊ တောင်သူမှာ ၄င်းအိမ်ရှေ့ရှိ နွားတင်ကုတ်အမိုးပေါ်တွင် တင်ထားသောဆိုလာပြားမှ တစ်ဆင့် ၅၀ဗို့ ဘက်ထရီအား အားသွင်းနေစဉ် ဘက်ထရီမှ ရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ဉီးပြုံး၏ မြေစိုက်၊ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း နေအိမ်နှင့် အိမ်ရှေ့ရှိ နွားတင်ကုတ်တို့ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၂၀၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နှင့် လူတိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း မင်းဘူးမြို့နယ် မီးသတ်ဉီးစီးဌာနမှ သိရှိရသည်။

          မီးလောင်မှု ဖြစ်ပွားမှုကြောင့် မင်းဘူးမြို့နယ် မီးသတ်ဉီးစီးဌာနမှ ဉီးစီးမှူးဉီးစိန်ထွန်း နှင့် တပ်ဖွဲ့ဝင်(၁၅)ဉီး၊ စကုနယ်မြေစခန်းမှူး ရဲအုပ် သိန်းဟန်မိုး တပ်ဖွဲ့ဝင်( ၁၀) ဉီးတို့သည် မီးသတ် ယာဉ် (၂)စီး တို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။


          အဆိုပါ မီးလောင်မှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ငွေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမောင်ကျော်သန်း၊ ခရိုင် ပြန်/ဆက် ဉီးစီးဌာန ဒေါ်မျိုးမျိုးသွယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
          ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment