မင်းဘူး နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ အုန္နဲတန်းရပ်တွင် ယနေ့ နံနက် ၈ နာရီ ၃၀
မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူး(မြို့မ)ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ
မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ အုန္နဲတန်းရပ်တွင် ဉီးချစ်ကြည် (၉၂)နှစ်
(ဘ)ဉီးဖိုးငွေ၊ မန်းရေနံမြေ လျှပ်စစ်ဝန်ထမ်း(ငြိမ်း)၏ သုံး ပင်ပတ်လည် မြေစိုက်၊ သွပ်မိုး၊
ထရံကာ၊ ပျဉ်ခင်း အိမ်အမှတ် (၄၇၇) နေအိမ်မှာ
ဂက်(စ်)မီးဖိုဖြင့် ရေနွေးအိုး တည်ရာမှ အပူချိန် လွန်ကဲပြီး အရည်ပျော်ကျ၍ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့်
မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထိန်၊ မြို့နယ်မီးသတ် ဉီးစီးမှူး ဉီးစိန်ထွန်း
နှင့် အဖွဲ့ဝင် (၁၀)ဉီး ၊ မင်းဘူးမြို့မရဲစခန်းမှ ဒုရဲမှူး မြင့်ဇော် နှင့် ရဲတပ်ဖွဲ့ဝင်
(၁၀)ဉီး နှင့် အဖွဲ့သည် မီးသတ်ရေယာဉ် (တစ်) စီးတို့ဖြင့် သွားရောက်စစ်ဆေး မီးငြိမ်းသတ်ခဲ့
ကြောင်း သိရသည်။ အဆိုပါ နေအိမ်မီးလောင်မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးမှု တန်ဖိုး (၁၅၀၀၀၀)
ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး နှင့် လူ/တိရစာ္ဆန် ထိခိုက်မှုမရှိကြောင်း မင်းဘူး(မြို့မ)
ရဲစခန်းမှ သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment