Friday, November 15, 2019

ပွင့်ဖြူမြို့နယ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား



ပွင့်ဖြူမြို့နယ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
ပွင့်ဖြူ      နိုဝင်ဘာ       ၁၅
            မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာတွင် နိုဝင်ဘာ ၁၅ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
            ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲကင်းစခန်းမှူး ရဲအုပ် ထွန်းမြင့် သည် စခန်းတွင် တာဝန်မှူးအဖြစ်ရှိနေစဉ် ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာ မြောက်ဘက်ရှိ သင်္ချိင်းကုန်းတွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း သရက်တောကျေးရွာနေ ဦးလွှမ်းမိုးမှ ဖုန်းဖြင့်အကြောင်းကြားသဖြင့် အခင်း ဖြစ်နေရာအား သက်သေများနှင့် အတူ သွားရောက်စုံစမ်းစစ်ဆေးရာ ကျေးရွာ၏မြောက်ဘက် သင်္ချိုင်းကုန်းရှိ ညောင်ပင်တွင် အမြင့် ၁၅ ပေခန့်ရှိ ညောင်ကိုင်းတွင် နှစ်ပင်လိမ်သွပ်သံကြိုးဖြင့် လည်ပင်းတွင်ချည်နှောင်၍ ဆွဲကြိးချသေဆုံးလျက် အနေ အထား စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြစ်စဉ်အား မေးမြန်းစုံစမ်းရာ သေဆုံးသူမှာ သရက်တောကျေးရွာနေ ကိုဇေသက် အသက်(၃၈)နှစ် ကျဘမ်းအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း၊ လွန်ခဲ့သော(၁၀)နှစ်ခန့်စပြီး စိတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည့်အပြင် အတည်တကျမရှိ မိသားစုနှင့် အတူ နေထိုင်ခြင်းမရှိသူတစ်ဦးဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရ၍ သေဆုံးသူအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် ၊ မဟုတ် သိရှိနိုင်ရန် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
            အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းမြင့် က သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၉)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   ရဲဝင်းနိုင် ( ညောင်ဦး )

0 comments:

Post a Comment