Thursday, November 7, 2019

စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ (၄၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် မြို့တွင်းလှည့်လှည်ပူဇော်




စလင်း၊ နိုဝင်ဘာ ၇
            မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ (၄၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာတွင် ဆက်ကပ်လှူဒါန်းမည့် ငွေပဒေသာပင်များနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများအား အများပြည်သူကြည်ညိုစေတနာသဒ္ဒါပွားများနိုင်စေရန် ယနေ့ နေ့လည်ပိုင်းက မြို့တွင်း၌ လှည့်လှည်အပူဇော်ခံခဲ့ကြောင်းသိရသည်။

          


 
ထိုသို့ လှည့်လှည်ပူဇော်ခံရာတွင်  စလင်းမြို့ အမှတ်(၁)အ.ထ.ကကျောင်းတွင်စုဝေးပြီး ပန်တိမ်တန်း လမ်းမှစ၍ မင်းဘူး-စလင်း-ဆင်ဖြူကျွန်းကားလမ်းကြီးအတိုင်း ဗိုလ်ချုပ်လမ်းနှင့်ဝက်သည်းကန်လမ်း မှတဆင့် နရပတိစည်သူလမ်းအတိုင်းချိုးဝင်ကာ မြို့တွင်းလှည့်လှည်ပြီး ပဒေသာပင်လှူဒါန်းပွဲကျင်းပမည့် အမှတ်(၁) အ.ထ.ကကျောင်းတွင် အပူဇော်ခံထားရှိကြောင်းသိရသည်။
            အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူပွဲတွင် ပဒေသာပင် ၃၀ ၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၈၄ သိန်းကို ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူများမှ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် သံဃာ ၃၉ ပါး၊ ရှင်သာမဏေ ၄၃ ပါးအား ကထိန်တရားတော်နာယူကာ ရေစက်ချလှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။     
 စိုးမိုးသူ( စလင်း)

0 comments:

Post a Comment