စလင်း၊ နိုဝင်ဘာ
၁၅
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏အစီအစဉ်ဖြင့်
စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ ကျောင်းသားကျောင်းသူများအား မှုခင်းအသိပညာဗဟုသုတများရရှိစေရေးအတွက်
ရွှေ့ရှားမှုခင်း အသိပညာပေးပြခန်းယာဉ်ဖြင့် အသိပညာပေးပြသခြင်းကို ယနေ့နံနက်ပိုင်းက
ဆင်ဖြူကျွန်းမြို့ အမှတ်(၁) ရပ်ကွက်ရှိ ပြည်စိုးကုန်း အခြေခံပညာအထက်တန်းကျောင်းနှင့်
သရက်ချဉ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတိုတွင် ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့်
ပြသဆောင်ရွက်ရာတွင် စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်၊ စလင်းမြို့နယ်
ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်အောင်ချိုမိုး၊ ဆင်ဖြူကျွန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ
ရဲအုပ်စည်သူဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် ပြခန်းယာဉ်အတွင်း ပြသထားသည့်
မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး၊ သက်ငယ်မုဒိမ်းမှုနှင့်ဥပဒေ
ရေးရာများ၊ ယာဉ်/လမ်းစည်းကမ်းလိုက်နာရမည့်အချက်များနှင့် ပြစ်မှု ပြစ်ဒဏ်များအား ပညာပေးရှင်းလင်း
ပြသခြင်းနှင့် မှုခင်းအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်
တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများအား မှုခင်း ဆိုင်ရာသိကောင်းစရာများကိုသိရှိနားလည်၍
မှုခင်းကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပြည်သူ လူထုပူးပေါင်းပါဝင်လာစေရေးအတွက်
ရွှေ့ရှားမှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လူစည်ကားရာနေရာများနှင့် အခြေခံပညာကျောင်းများသို့သွားရောက်၍
လှည့်လည်အသိပညာပေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
စိုးမိုးသူ( စလင်း)
0 comments:
Post a Comment