ဂန့်ဂေါ နိုဝင်ဘာ ၂၃
ပုလဲ- ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ်
၇၇/၁ နှင့် ၇၇/၂ ကြား ပုံညာတောင်အဆင်း သရက်ပင်ကွေ့ တွင် နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီ
၄၅ မိနစ်အချိန်ခန့်က မော်တော်ယာဉ်တိမ်းမှောက်သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည်များအနက်
၆ ဦးသေဆုံး၍ ၄၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဖြစ်ပွါးပုံမှာ ယာဉ်မောင်း ပုလဲမြို့နယ်နေသူ
ဦးသန့်ဇင်ဦး မောင်းနှင်သည့် LIFAN မော်တော်ယာဉ် အပြာရောင် ၆ ဘီးယာဉ်သည် အခင်းဖြစ်ပွါးရာနေရာအရောက်တွင်
ယာဉ်ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဝဲဘက်သို့ လဲကျတိမ်းမှောက်သွားသည်။ ယာဉ်ပေါ်တွင်
ပုလဲမြို့နယ် ရွာသစ်ကျေးရွာ အလှူပွဲသို့ သွားရောက်ကြသည့် ထီးလင်းမြို့နယ် မြောင်းကြီးကျေးရွာ၊
မိုးကောင်းကျေးရွာ နှင့် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတို့မှ ခရီးသည်များအနက်
တိမ်းမှောက်သည့်နေရာတွင် ၄ ဦးသေဆုံး၍ ၄၃ ဦးဒဏ်ရာ ရရှိကြကာ ဒဏ်ရာရရှိသူများအား ကျောမြို့
တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ၂ ဦးမှာ ထပ်မံသေ ဆုံးကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဂန့်ဂေါမြို့
မြို့မရဲတပ်ဖွဲ့စခန်းက ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင်ဦးအပေါ် ယာဉ်(ပ) ၂၃/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ
၃၀၄-က / ၃၃၈/၃၃၇ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
တောင်သားမောင်သန်း
0 comments:
Post a Comment