မင်းဘူး နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့၊ ဂျိုင်းထမင်းဆိုင်အနီး၊ မင်းဘူး-မကွေး ကားလမ်း ဘေး ရေဆိုးမြောင်းအတွင်း
လူသေအလောင်း(၁)လောင်းအား ယနေ့ နံနက် ၇ နာရီခွဲ အချိန်က တွေ့ရှိခဲ့ကြောင်း မင်းဘူးမြို့မ
ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ
သေဆုံးသူ ကျော်မျိုးစန်း၊ (၄၂)နှစ်၊ (ဘ) ဉီးစန်းငွေ ၊ မှီခို ၊ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက် ၊ ရေနံပြင်ရပ် နေသူဖြစ်ကြောင်း သိရသည်။ ၄င်းသည် မကွေး-မင်းဘူး
ကားလမ်းဘေး ၊ ဂျိုင်းထမင်းဆိုင်အနီး ရေဆိုးမြောင်းအတွင်းသို့
အရက်မူးလွန်၍ ပြုတ်ကြသည်ဟု ယူဆရကာ ရေထဲသို့ မျက်နှာနစ်၍ မှောက်လျှက် အနေအထားဖြင့် ခန္ဓာကိုယ်တွင်
ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ သေဆုံးနေသည်ကို စုံစမ်းတွေ့ရှိရသဖြင့် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံးကြီးသို့
ပို့ဆောင် ခဲ့ကြောင်း သိရသည်။ ထို့နောက် သေဆုံးသူ
ကျော်မျိုးစန်းအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးရန် မင်းဘူးမြို့မ ရဲစခန်း
ဒုရဲမှူးမြင့်ဇော်မှ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
အဆိုပါ
ဖြစ်စဉ်အား မင်းဘူးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းနှင့်
အဖွဲ့၊ တာဝန်မှူး ဒုရဲအုပ် သက်နိုင်ဉီး ၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဉီးစိန်သောင်း
၊ အမှတ် (၃)ရပ်ကွက် ၊ အရန်မီးသတ်တပ်ခွဲမှူး ဉီးမောင်ဝင်း တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း
မင်းဘူးမြို့မ ရဲစခန်းမှ သိရသည်။ ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment