Friday, November 15, 2019

မှုခင်းကြိုတင်ကာကွယ်ရေး နှင့် သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြော


မင်းဘူး          နိုဝင်ဘာ        ၁၅
          ကလေးသူငယ်များ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးနှင့် လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ အေးမြသာယာရပ်ကွက်၊ HAPPY KIDS  မူကြိုကျောင်း စာသင်ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က မှုခင်းကြိုတင် ကာကွယ်ရေး နှင့် သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။


          အသိပညာပေးဟောပြောပွဲတွင် အမှတ်(၄)ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူး ဉီးစိန်သောင်းက အဖွင့် အမှာစကားပြောကြားပြီး၊ မင်းဘူးမြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်က သက်ငယ်မုဒိမ်းမှု ဖြစ်ပွား ရသည့် အကြောင်းအရင်းများ ၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများအတွက် ပြစ်မှု ပြစ်ဒဏ်များ၊ မိဘများ အနေဖြင့် သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး သိရှိလိုက်နာရမည့် အချက်များ၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းက မှုခင်းလျော့နည်း ကျဆင်းရေး၊ ခိုး/ဆိုး/လု/နှိုက် အမှု များ မဖြစ်ပွားစေရေး နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မင်းဘူးမြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်း၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဉီးစိန်သောင်း ၊ ကျောင်းသားမိဘများ နှင့် ရပ်ကွက်နေပြည်သူများ အသီးသီး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment