မင်းဘူး နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်
အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကျည်းပင်မှာ အမြစ်ကျွတ်ပြီး နေအိမ်ပေါ်သို့
လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ၁၀ လမ်းနှင့် ၁၁ လမ်းကြားနေ ဒေါ်မြသန်း အသက်(၇၅)နှစ်၊
(ဘ) ဉီးအုန်းဖေ၏ နေအိမ်ခြံစည်းရိုးဘေးရှိ လုံးပတ် ၈ ပေခန့် ၊ အမြင့် ပေ (၇၀)ခန့်ရှိ မကျည်းပင်ကြီးမှာ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် မြေကြီးပွ၍ အမြစ်ကျွတ်ပြီး ဉီးစိုးဝင်း အသက်(၅၅)နှစ်၊ (အဘ) ဉီးချစ်၏
သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း(၂)ထပ် (၄)ပင် နေအိမ်ပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါ
သစ်ပင်လဲကျရာသို့ မင်းဘူးမြို့နယ်မီးသတ်ဉီးစီးဌာန၊
CNJ မီးသတ်စက်ယာဉ်ဖြင့် ဒုမီးသတ်ဉီးစီးမှူး ဉီးကျော်ဇင်ဟိန်း ဉီးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်
(၁၀)ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်(၁၁)ဉီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(၅)ဉီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ
သွားရောက် ရှင်းလင်းခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့်
နေအိမ်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း(၂)ထပ် (၄)ပင် နေအိမ်မှ အမိုး(၈)ပေ သွပ်(၆)ချပ်၊
ထုတ်၊ ယောက်၊ ဒိုင်း၊ မျှားတန်းများ၊ ကျိုးပဲ့ပျက်စီးခဲ့ပြီး စုစုပေါင်း တန်ဖိုးကျပ်
၃၆၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူ နှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပါကြောင်း
မြို့နယ်မီးသတ် ဉီးစီးဌာနသိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment