Monday, November 11, 2019

မင်းဘူးခရိုင်၊ ခရိုင် / မြို့နယ် ဌာနဆိုင်ရာများ ၊ မြို့မိ / မြို့ဖ အလှူရှင်များ နှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ




မင်းဘူး          နိုဝင်ဘာ        ၁၁
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊   မြို့မိ/ မြို့ဖ အလှူရှင်များ နှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ရှင်ပင်စက္ကိန္တဲစေတီရင်ပြင် ၊ ရတနာသုခ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

         
ရှေးဉီးစွာ တက်ရောက်လာကြသူများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ၊ မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက် ပဓာနနာယက  မြို့နယ်ဩဝါဒါစရိယ ဘဒ္ဒန္တသာသနာထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကာ ဆရာတော် ၊  သံဃာတော် အရှင် သူမြတ်များ ရွတ်ပွားတော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညို ခဲ့ကြသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အမှူးပြုသော အကြီးအကဲများနှင့် ခရိုင် / မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ မြို့မိ/ မြို့ဖ အလှူ ရှင်များက  ဆရာတော် ၊ သံဃာတောမြတ်တို့အား  ကထိန်လျာ သင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာဘုရား၌ ပြုလုပ်မည့် အရံစေတီ ထီးတော်တင်ရန် အလှူငွေကျပ်(၁၀)သိန်း နှင့် ရှင်အပါး (၅၀၀၀) ရှင်ပြု အလှူတော် မင်္ဂလာအတွက် အလှူငွေကျပ်(၅၀)သိန်း တို့ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး ၊ ဒုတိယအကြိမ် စုပေါင်းမဟာဘုံကထိန် အခမ်းအနား ကျင်းပရေးကော်မတီ ဉက္ကဌ  ၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဉီးစန်းဌေးက ကထိန်ပွဲတော် ကျင်းပရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းလျှေက်ထားခဲ့ကြောင်း သိရသည်။ 

          ထို့နောက် မင်းဘူးမြို့ သာသနာဝေပုလ္လမှန်ကင်ကျောင်း ဆရာတော် မြို့နယ်သံဃနာယက အဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တပုည(ဓမ္မာစရိယ) အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူ ကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဆရာတော် ၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းကြသည်။

          အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ပဒေသာပင် စုစုပေါင်း(၂၄)ပင် ၊ ငွေသားတန်ဖိုး ကျပ်သိန်း ( ၆၂၆၅၀၀၀ ) ၊ ပစ္စည်းတန်ဖိုး ကျပ်သိန်း (၂၆၈၄၄၅၀) ၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်း(၈၉၄၉၄၅၀) နှင့် သံဃာတော် အရှင်သူမြတ်တို့အား နဝကမ္မလှူဒါန်းငွေ သိန်း(၂၀) ကျပ် အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment