Sunday, November 10, 2019

တန်ဆောင်မုန်းလပြည့်နေ့ ၊ ရုံးပိတ်ရက်(၄)ရက်တာ ကာလအတွင်း မင်းဘူးမြို့နယ် အတွင်းရှိ အထင်ကရနေရာများသို့ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်




မင်းဘူး          နိုဝင်ဘာ        ၁၀
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့အတွင်းရှိ  စက္ကိန်းတဲစေတီတော်၊ နဂါးပွတ်တောင် နှင့် မန်းရွှေစက်တော်ဘုရားတို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက် လည်ပတ် ခြင်းဖြင့် အထူးစည်ကားလျက် ရှိကြောင်း သိရသည်။

          “ကျွန်မတို့က စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့က လာတာပါ၊ ရုံးပိတ်ရက်က(၄)ရက် ကလေး တွေလည်း ကျောင်းပိတ်ရက်ဆိုတော့ မကွေးမြို့က အမျိုးတွေဆီ လာရောက်ခြင်းဖြစ်ပါတယ်၊ ကျွန်မတို့ စက္ကိန်းတဲဘုရားဖူးပြီး၊ နဂါးပွတ်တောင်ကို လာရောက်လေ့လာတာ ဖြစ်ပါတယ်၊ ဆက်လက်ပြီး မန်းရွှေစက်တော်ဘုရားကို သွားရောက်မှာ ဖြစ်ပါတယ်၊ ရုံးပိတ်ရက်ဆိုတော့ ဘုရားဖူးပြည်သူတွေ လာရောက်ကြတာတွေ့တော့  ဝမ်းသာမိပါတယ် ”ဟု ဒေါ်အေးအေးမြင့်က  ပြောသည်။

        
  အလားတူ မင်းဘူးမြို့နယ်အတွင်းရှိ သမိုင်းဝင် မန်းရွှေစက်တော်ဘုရားတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှ စတင်၍ ဧပြီလ ၁၇ ရက်နေ့ အထိ (၃)လ  နီးပါကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment